Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်များစီးနင်းလာသည့် Express ကား မိုင်းခွဲတိုက်ခိုက်ခံရ

“အဖွဲ့သားများအားလုံး အခက်အခဲ များစွာဖြတ်သန်း၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု မြင်းဖြူရှင်အဖွဲ့က အသိပေးသည်။

People's Spring
People's Spring

ရွှေဘို-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ စီးနင်းလားသည့် Express ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင့် ဝက်လက်မြို့နယ် မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁)ထုတ်ပြန် သည်။

ယနေ့နံနက် ၃ နာရီခန့်တွင် စစ်ကိုင်းဘက်သို့လာသော စစ်ကောင်စီတပ်သားများစီးနင်းလားသည့် Express ကားတစ်စီးကို ရွာသာကြီးနှင့် ဆားတောင်ကြားတွင် မိုင်းခုနစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဖွဲ့သားများအားလုံး အခက်အခဲ များစွာဖြတ်သန်း၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု မြင်းဖြူရှင်အဖွဲ့က အသိပေးသည်။

ထို့အပြင် စစ်​ကောင်စီတပ်သားများ စီးနင်းလာသည့် Express ကား၏ အမည်ကိုလည်း ​ဖော်ပြထားခြင်း မရှိ​ပေ။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို မြင်းဖြူရှင် ​ပြောက်ကျားတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ဒေသဆိုင်ရာ ကာကွယ်ရေးတပ် /ဂဠုန်ညီနောင် ​ပြောက်ကျားစသည့်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်ကလည်း ရွှေဘို-မန္တလေးလမ်း ရွာသာကြီးအနီးတွင် စစ်ကောင်စီကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။