Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်များစီးနင်းလာသည့် Express ကား မိုင်းခွဲတိုက်ခိုက်ခံရ

“အဖွဲ့သားများအားလုံး အခက်အခဲ များစွာဖြတ်သန်း၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု မြင်းဖြူရှင်အဖွဲ့က အသိပေးသည်။

People's Spring
People's Spring

ရွှေဘို-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ စီးနင်းလားသည့် Express ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင့် ဝက်လက်မြို့နယ် မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁)ထုတ်ပြန် သည်။

ယနေ့နံနက် ၃ နာရီခန့်တွင် စစ်ကိုင်းဘက်သို့လာသော စစ်ကောင်စီတပ်သားများစီးနင်းလားသည့် Express ကားတစ်စီးကို ရွာသာကြီးနှင့် ဆားတောင်ကြားတွင် မိုင်းခုနစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဖွဲ့သားများအားလုံး အခက်အခဲ များစွာဖြတ်သန်း၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု မြင်းဖြူရှင်အဖွဲ့က အသိပေးသည်။

ထို့အပြင် စစ်​ကောင်စီတပ်သားများ စီးနင်းလာသည့် Express ကား၏ အမည်ကိုလည်း ​ဖော်ပြထားခြင်း မရှိ​ပေ။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို မြင်းဖြူရှင် ​ပြောက်ကျားတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ဒေသဆိုင်ရာ ကာကွယ်ရေးတပ် /ဂဠုန်ညီနောင် ​ပြောက်ကျားစသည့်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်ကလည်း ရွှေဘို-မန္တလေးလမ်း ရွာသာကြီးအနီးတွင် စစ်ကောင်စီကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook