Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့နယ် ဟိုက်ကွီရွာကို စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် အ​ကြောင်းမဲ့ ပစ်ခတ်၊ ​ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရ

“ဒီနေ့ဆိုလည်း တိုက်ပွဲလည်းရှိတာမဟုတ်ဘူး။ နေအိမ်နဲ့ ကျေးရွာထဲကို သက်သက်ကို ပစ်တာ။အရမ်းယုတ်မာကြတယ်။ကျွန်တော်တို့ကို စစ်ဘေးရှောင်စေချင်ကြတာ”ဟု ဟိုက်ကွီရွာသားတစ်ဦးက ပြောသည်။

ရှမ်း-ကယား ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ် ဟိုက်ကွီ​ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီး အသုံးပြု၍ ​ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်နေကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၃ ရက်)နံနက် ၆ နာရီခန့်ကစ၍မိုးဗြဲအခြေစိုက်အကြမ်းဖက် စစ်ကောင်စီ၏ (၄၂၂) တပ်မှ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်။

“ဟိုက်ကွီရွာ မှာဖြစ်တာ။အိမ်ထဲကိုကျတာ။ ဒဏ်ရာက စိုးရိမ်ရတယ်။လွိိုင်ကော်ဆေးရုံကို ချက်ချင်းပို့လိုက်ပါတယ်”ဟု မိုးဗြဲလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခုဖြစ်စဥ်မတိုင်မီ ယခင်နှစ်က အကြမ်းဖက်စစ် ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် မိုးဗြဲမြို့ရှိ ပြည်သူ ၁၀ဦးထက်မနည်း ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ရသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ဆိုလည်း တိုက်ပွဲလည်းရှိတာမဟုတ်ဘူး။ နေအိမ်နဲ့ ကျေးရွာထဲကို သက်သက်ကို ပစ်တာ။အရမ်းယုတ်မာကြတယ်။ကျွန်တော်တို့ကို စစ်ဘေးရှောင်စေချင်ကြတာ”ဟု ဟိုက်ကွီရွာသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်ရှောင်နေရသည့် ပြည်သူ ၅,၀၀၀ ထက် မနည်းရှိကြောင်းလည်း မိုးဗြဲ​မြို့စစ်ဘေးရှောင်ကော်မတီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook