Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးနှင့် ထီးဆောင်း-အရာတော်လမ်းမကြီးများ ဖြတ်သန်းသွားလာခြင်းမပြရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်

ကြေညာချက် ထုတ်ပြန်ချိန်မှစပြီး ပြန်လည် အသုံးပြုနိုင်ကြောင်း ကြေညာချက်ကို စိတ်ရှည်စွာ စောင့်ဆိုင်း ပေးရန်နှင့် မိမိ၏မိသားစု၊ အသိမိတ်ဆွေများ လမ်းကြောင်းပေါ်တွင် ရှိနေပါက ဖုန်းဆက် အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။

(ယခင်လပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် တိုက်ပွဲဖြစ်ပွားနေ၍ ယာဥ်များ စောင့်ဆိုင်းနေသည်ကို​တွေ့ရစဥ်)

မုံရွာ-မန္တလေးလမ်းမကြီးနှင့် ထီးဆောင်း-အရာတော်လမ်းမကြီးတို့ကို ဖြတ်သန်းသွားလာခြင်းမပြုရန် မြင်းမူး မြို့ပြပြောက်ကျားတပ် Black Eagle Defence Force – MMU က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်သည်။

ယနေ့(ဇန်နဝါ်ရီ ၃)ရက်နံနက် ၈ နာရီ ၁၅ မိနစ်မှ စတင်ပြီး မုံရွာ-မန္တလေး လမ်းမကြီးနှင့် ထီးဆောင်း – အရာတော် လမ်းမကြီးတို့ကို အသုံးမပြုရန် ၎င်းတို့ကမေတ္တာရပ်ခံထားသည်။

“အချိန် မရွေးတိုက်ပွဲ ဖြစ်နိုင်ပါသောကြောင့် မိဘပြည်သူများ မတော်တဆထိခိုက် နစ်နာမှုမျိုး မရှိစေလို၍ လမ်းမကြီး ၂ ခုအား အသုံးမပြုခြင်း၊ သွားနေပါက ရောက်သည့်နေရာတွင် ရပ်တန့်ထားခြင်းမျိုး ပြုလုပ်ရန် အထူး သတိပေးကြေညာအပ်သည်”ဟု Black Eagle က ဆိုသည်။

ကြေညာချက် ထုတ်ပြန်ချိန်မှစပြီး ပြန်လည် အသုံးပြုနိုင်ကြောင်း ကြေညာချက်ကို စိတ်ရှည်စွာ စောင့်ဆိုင်း ပေးရန်နှင့် မိမိ၏မိသားစု၊ အသိမိတ်ဆွေများ လမ်းကြောင်းပေါ်တွင် ရှိနေပါက ဖုန်းဆက် အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

မုံရွာ-မန္တလေးလမ်းနှင့် ထီးဆောင်း-အရာတော်လမ်းပိုင်းများတွင် အကြမ်းဖက် စစ်ကောင်စီတပ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဒီဇင်ဘာလ ၃၁ရက် ည ၉:၁၄နာရီအချိန်ကလည်း စစ်ကိုင်းမှ ရွှေဘိုသို့ ထွက်ခွာလာသည့် စစ်ကောင်စီထောက်ပို့စစ်ယာဉ်တန်းကို စစ်ကိုင်း-ရွှေဘိုကားလမ်းမကြီးပေါ် ဝက်လက်မြို့နယ် ရွာသာကြီးမြောက်ဘက် ရွာတော်ကုန်း မူး ရွှေလှံတံတား အနီးတွင် ဝက်လက်မြို့နယ် တပ်ရင်း ၁ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook