Connect with us

Hi, what are you looking for?

News

ဒီချုပ်ပါတီ တနင်္သာရီတိုင်း တွဲဖက်အတွင်းရေးမှူး တိမ်းရှောင်နေစဥ် ကွယ်လွန်

(၆၅)နှစ်ရှိပြီဖြစ်သည့် ဦးအေးနိုင်သည် ယမန်နေ့ (ဇန်နဝါရီ ၂)ည ၁၁ နာရီခွဲခန့်တွင် ရုတ်တရက်သွေးတိုးရာမှ ကွယ်လွန်သွားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ တနသ်ာရီတိုင်းတွဲဖက်အတွင်းရေးမှူး ဦးအေးနိုင်သည် စစ်ကောင်စီ ၏ရန်မှ တိမ်းရှောင်နေစဥ် ရုတ်တရက်ကွယ်လွန်သွားကြောင်း မိသားစုဝင်နှင့် လုပ်ဖော်ကိုင်ဖက်များက အတည်ပြုသည်။

(၆၅)နှစ်ရှိပြီဖြစ်သည့် ဦးအေးနိုင်သည် ယမန်နေ့ (ဇန်နဝါရီ ၂)ည ၁၁ နာရီခွဲခန့်တွင် ရုတ်တရက်သွေးတိုးရာမှ ကွယ်လွန်သွားခြင်းဖြစ်သည်။

“ပင်နီကိုမြတ်နိုးတဲ့ ဖေဖေ လောကဓံကိုလည်း အပြုံးမပျက်ခဲ့တဲ့ ဖေဖေကောင်းရာဘုံဘဝကို ရောက်မှာ ယုံကြည်ပါတယ်။ လာကန်တော့ခွင့်မရတဲ့အပေါ်မှာ ခွင့်လွှတ်ပါ ဖေဖေ။ မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးကို အဆုံးထိလျှောက်ပါ့မယ်”ဟု သမီးဖြစ်သူ ဒေါ်ခင်စန္ဒီက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဦးအေးနိုင်၏ စျာပနအား ၎င်း၏ဇာတိရွာဖြစ်သည့် လောင်းလုံမြို့နယ် ရေဖြူကျေးရွာ၌ ယနေ့ (ဇန်နဝါ်ရီ ၃) သဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအန္တရာယ်မှ တိမ်းရှောင်နေရသည့် ဦးအေးနိုင်သည် ဒီချုပ်ပါတီ၏ တနင်္သာရီတိုင်းတွဲဖက် အတွင်းရေးမှူး၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။