Connect with us

Hi, what are you looking for?

LuduNwayOo

News

လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးဖို့မရှိသေး

လက်ရှိအချိန်ထိလည်းအင်းစိန်ထောင်ရှေ့မှာ ယခင်လွတ်ငြိမ်းသက်သာခွင့်ပေးတုန်းကလို လာရောက်ကြိုဆိုကြသူအများအပြားကိုမတွေ့ရပါဘူး။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်တာကြောင့် မတရားဖမ်းဆီးထောင်ချခံရသူအချို့ကို ဒီနေ့ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် လက်ရှိအခြေအနေထိ လွှတ်ဖို့အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်ထိလည်းအင်းစိန်ထောင်ရှေ့မှာ ယခင်လွတ်ငြိမ်းသက်သာခွင့်ပေးတုန်းကလို လာရောက်ကြိုဆိုကြသူအများအပြားကိုမတွေ့ရပါဘူး။

ပုံမှန်အားဖြင့်တော့ နိုင်ငံရဲ့နေ့ထူးနေ့မြတ်တွေမှာလွတ်ငြိမ်းသက်သာခွင့်ပေးတာမျိုးရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ဖို့မရှိသေးကြောင်း အင်းစိန်ထောင်မှာအမှုကိစ္စတွေကို လိုက်ပါဆောင်ရွက်ပေးနေကြတဲ့ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလကုန်ပိုင်းက နာမည်ကြီး အနုပညာရှင်တွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ တွေကိုခပ်မြန်မြန် ထောင်ချတာတွေရှိခဲ့တာကြောင့် လွတ်လပ်ရေးနေ့မှာ ပြန်လည်လွတ်မြောက်လာကြမလားဆိုပြီးခန့်မှန်းတွက်ချက်ကြသူတွေရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ရက်ကစတင်ပြီး မနေ့ကအထိ မတရားဖမ်းဆီးချုပ်နှောင်ခံရသူဟာ စုစုပေါင်း ၈၃၇၆ ဦးရှိပြီး အဲဒီအထဲက ၅၀၇ ဦးဟာထောင်ချခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထုတ်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် တရုတ် စစ်တပ်ကလည်း အစွမ်းကုန် လက်တုံ့ပြန် တိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ကြောင်း ဝေက ဆိုပါတယ်။

News

အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းမြန်မာစစ်ကောင်စီကို ကမ္ဘာ့နိုင်ငံ အများအပြားက ပြင်းထန်စွာရှုတ်ထားပြီး ဂျပန်အစိုးရကလည်း စစ်ကောင်စီကို တရားဝင်အစိုးရ တရပ်အဖြစ် အသိ အမှတ်ပြုထားခြင်းမရှိပေ။