Connect with us

Hi, what are you looking for?

LuduNwayOo

News

BGFက ပြန်ခိုင်း၍နေရပ်ပြန်လာသည့် လေးကေ့ကော်ဒေသမှ စစ်ရှောင်အမျိုးသမီး လက်နက်ကြီးထိမှန်ကွယ်လွန်

လက်နက်ကြီးထိမှန်၍ သေဆုံးသူမှာ အသက် ၄၁နှစ်အရွယ် ဒေါ်စန်းစန်းအေးဆိုသူ ဖြစ်ကြောင်း ကရင် အမျိုးသားမီဒီယာမှ ကိုမန်းမျိုးမြင့်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)က နေရပ်ပြန်ခိုင်း၍ နေရပ်ပြန်လာသည့် လေးကေ့ကော်ဒေသ ဖလူးလေးကျေးရွာ၌နေထိုင်သူ အမျိုးသမီးတစ်ဦး ယမန်နေ့က စစ်ကောင်စီတပ်ပစ် ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည်။

လေးကေ့ကော်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေသူများကို ဗိုလ်မုတ်သုန်ဦးဆောင်သည့် BGF တပ်က နေရပ်ပြန်ရန်တိုက်တွန်း၍ စစ်ရှောင်အချို့ နေရပ်ပြန်လည်နေထိုင်စဉ် ဖလူးလေးရွာ၌ ဇန်နဝါရီ ၃ရက်ညနေက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

လက်နက်ကြီးထိမှန်၍ သေဆုံးသူမှာ အသက် ၄၁နှစ်အရွယ် ဒေါ်စန်းစန်းအေးဆိုသူ ဖြစ်ကြောင်း ကရင် အမျိုးသားမီဒီယာမှ ကိုမန်းမျိုးမြင့်က ပြောသည်။

“ဖြစ်ပုံက လွန်ခဲ့တဲ့ ၃ရက်တုန်းက စစ်ဘေးရှောင်တချို့က နေရပ်ကို ပြန်သွားတယ်။ အဲဒီ ပြန်သွားတဲ့အထဲမှာ ဖလူကျေးရွာမှာနေတဲ့ ဒေါ်စန်းစန်းအေး အသက် ၄၁နှစ်လည်းပါတယ်။ သူပြန်သွားပြီး မနေ့က ဖလူးလေးမှာ တိုက်ပွဲဖြစ်တယ်။ မြန်မာစံတော်ချိန် ၃နာရီခွဲလောက်မှာ ဖလူးလေးမှာ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျည် စတစ်စ သူ့လာမှန်ပြီးသေသွားတယ်။ မနေ့ညနေက သေသွားတော့ ဒီမနက်ပိုင်းမှာ သူ့ကို သင်္ဂြိုလ်လိုက်ပြီပေါ့” ဟု ကိုမန်းမျိုးမြင့်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် ဖလူးလေးကျေးရွာ၌ ယနေ့နံနက်ပိုင်း၌ တိုက်ပွဲဆက်ဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီမနက် ၄နာရီလောက်စဖြစ်တယ်။ ဖလူးဘက်မှာပဲ။ ရန်သူက လက်နက်ကြီးနဲ့ပစ်တယ်” ဟု ၎င်းက ပြောသည်။

KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသသို့ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်ပြီး ခိုလှုံနေသူများကို လာရောက်ဖမ်းဆီးခဲ့၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီး အလွန်အကျွံပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ကြောင့် လေးကေ့ကော်ဒေသခံ သောင်းနှင့်ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။