Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုဒဏ်ခံစားနေရသော မြန်မာပြည်သူ လူထုနှင့်အတူရပ်တည်ကြောင်း ပြင်သစ်သမ္မတပြော

စစ်အာဏာသိမ်းမှု၏ ဒဏ်ရာဒဏ်ချက်များကို ခံစားနေရသော မြန်မာပြည်သူပြည်သားများနှင့် အတူ ရပ်တည်ကြောင်း ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်က ပြောကြားသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ပြင်သစ်နိုင်ငံက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် မြန်မာ့အကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးမှာ ဒီမိုကရေစီလိုလားချက်ကို လေးစားရန်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံးကို လွှတ်ပေးရန်၊ ဖိနှိပ်ချုပ်ချုပ်မှုများကို အဆုံးသတ်ရန်တို့အပေါ် မူတည်နေကြောင်း သမ္မတအီမန်နူရယ်မက်ခရွန် က ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်ရေနံကုမ္ပဏီကြီး Total မှ အကြမ်းဖက်မြန်မာစစ်ကောင်စီထံ စီးဝင်နေသော သဘာ၀ဓာတ်ငွေ့ အခွန်ငွေများကို ဖြတ်တောက်နိုင်ရေးအတွက် ဒဏ်ခတ်အရေးယူမှုများပြုလုပ်ရန် သမ္မတမက်ခရွန်ကို ဗြိတိန်အခြေစိုက် Burma Campaign UK က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက မြို့တစ်မြို့မှာ ဆန္ဒပြသူတွေ မီးတင်ရှို့ခဲ့တာကြောင့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု မီးလောင် ပျက်စီးသွားခဲ့ပါတယ်။