Connect with us

Hi, what are you looking for?

News

ဝက်လက်ကကျေးရွာတွေမှာ ညပိုင်းအချိန် စစ်ကောင်စီ ဒရုန်းသုံးပြီး ကင်းလှည့်

တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူပေးတဲ့အတွက် ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေ လွတ်မြောက်သွားတာလို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကောင်စီတပ်က အသုံးပြုတဲ့ ဒရုန်းတစ်စီးကိုတွေ့ရစဉ် (ပုံဟောင်း)

စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဝက်လက်မြို့နယ် က ကျေးရွာတွေမှာ ဒရုန်းနဲ့ ညပိုင်း ကင်းလှည့်တာတွေကို စစ်ကောင်စီကလုပ်နေတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျေးရွာတွေအပေါ် ဒရုန်းဟာ အချိန်အတော်ကြာ လှည့်လည် ပျံဝဲနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုဒရုန်းနဲ့ကင်းလှည့်တာတွေ မရှိခင် ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ စစ်ကောင်စီ တပ်တွေ နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်တွေအထိနာခဲ့တာပါ။

တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူပေးတဲ့အတွက် ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေ လွတ်မြောက်သွားတာလို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို လေကြောင်းကတိုက်ခိုက်မှုကြောင့် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။