Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အုပ်စုကျူးလွန်သော ရာဇဝတ်မှုများအတွက် ICC သို့လွှဲပြောင်း​ရေး ကုလလုံခြုံရေးကောင်စီကို NUG တောင်းဆို

“လုံခြုံရေးကောင်စီသည် စစ်အုပ်စုကို ၎င်းတို့၏ ကျူးလွန်မှုများနှင့် လျော်ညီစွာ အကြမ်းဖက်အဖွဲ့အစည်းတရပ်အဖြစ် စာရင်းသွင်းကြေညာနိုင်ရေးကိုလည်း ချက်ချင်းဆောင်ရွက်ရမည်ဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်

(ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ​ဒေသခံများကို အကြမ်းဖက်စစ်​ကောင်စီကအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပြောင်းရေး ဆုံးဖြတ်ချက်ချမှတ်ရန် အမျိုးသားညီညွတ် ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။

ကုလလုံခြုံရေးကောင်စီသည် ကျူးလွန်သူများကို အပြစ်ပေးနိုင်ရေးအတွက် တိုက်တွန်းထားသည့်အလျောက် မြန်မာ့အရေးဆွေးနွေးရန်အတွက် မျက်နှာ စုံညီအစည်းအဝေးကို ချက်ချင်း ခေါ်ယူရမည်ဖြစ်ပြီး စစ်ကောင်စီထံ လက်နက်နှင့်ငွေကြေးစီးဆင်းမှုကို ပိတ်ဆို့ရေး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၅ ရက်)ထုတ်ပြန်သည်။

“လုံခြုံရေးကောင်စီသည် စစ်အုပ်စုကို ၎င်းတို့၏ ကျူးလွန်မှုများနှင့် လျော်ညီစွာ အကြမ်းဖက်အဖွဲ့အစည်းတရပ်အဖြစ် စာရင်းသွင်းကြေညာနိုင်ရေးကိုလည်း ချက်ချင်းဆောင်ရွက်ရမည်ဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် စစ်အုပ်စုက ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၌ ခရစ္စမတ်အကြိုနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့်အပေါ် ပြင်းထန်စွာ ရှုတ်ချထားပြီး စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များသည် မြန်မာနိုင်ငံတဝန်းတွင် မဟာဗျူဟာတစ်ရပ်အဖြစ် ကျယ်ပြန့်ကာ စနစ်တကျကျူးလွန်နေသည့်လုပ်ရပ် များဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အတွက် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ အခြားသောထိပ်ပိုင်းခေါင်းဆောင်များသည် ထို ရာဇဝတ်မှုများအတွက် တိုက်ရိုက်တာဝန်ရှိပြီးမဖြစ်မနေတရားစီရင်အရေးယူခံရမည်ဖြစ် ကြောင်း NUG က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။