Connect with us

Hi, what are you looking for?

News

သမ္မတကို ချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင် ကို ပြည်ထောင်စုနေ့မှာ စစ်ကောင်စီ ခေါင်းဆောင်ကျင်းပဖို့စီစဉ်

ဗိုလ်ရှုခံသဘင်ကို လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက် ၊ သမ္မတ ဒေါက်တာဘဦး ၊ သမ္မတ မန်းဝင်မောင်တို့လက်ထက်အထိကျင်းပခဲ့တာရှိပါတယ်။

ဓာတ်ပုံ − AFP

သမ္မတကို လက်နက်ကိုင်တပ်ပေါင်းစုနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင်အခမ်းအနားကို လာမယ့်ပြည်ထောင်စုနေ့မှာ ကျင်းပဖို့ စစ်ကောင်စီခေါင်းဆောင်က စီစဉ်နေပါတယ်။

နေပြည်တော်က ဗိုလ်ရှုခံရင်ပြင်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဗိုလ်ရှုခံသဘင်ကို လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက် ၊ သမ္မတ ဒေါက်တာဘဦး ၊ သမ္မတ မန်းဝင်မောင်တို့လက်ထက်အထိကျင်းပခဲ့တာရှိပါတယ်။

ဒါပေမယ့် စစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း မှာ ဗိုလ်ရှုခံသဘင်ကို ကျင်းပတာမရှိပါဘူး။

Public Service Announcement

Public Service Announcement

Public Service Announcement

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နောက်ဆုံးကာလ ရောက်တဲ့အခါ ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ နဲ့အတူ ဗိုလ်ရှုခံသဘင်ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး သမ္မတကို စစ်တပ်နဲ့ ဌာဆိုင်ရာဝန်ထမ်းတွေက ချီတက်အလေးပြုခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအချိန်က နေပြည်တော်မှာ ဗိုလ်ရှုခံစင်မြင့်အတွက် ကုန်ကျစရိတ်အမြောက်အများကျခံကာ တည်ဆောက်တဲ့အပြင် တင်ဒါခေါ်ယူတာမရှိဘဲ ဆောက်လုပ်ရေးကုမ္ပဏီကို လက်သိပ်ထိုး အပ်လိုက်တဲ့လုပ်ရပ်တွေကို လွတ်တော်မှာ ကျယ်ကျယ်လောင်လောင်ထောက်ပြဝေဖန်ခဲ့တာတွေရှိခဲ့ပါတယ်။

အဲဒီဗိုလ်ရှုခံစင်မြင့်ကို ကျပ်ဘီလီယံ ၆၀ ကျော်အကုန်အကျခံပြီး တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။