Connect with us

Hi, what are you looking for?

LuduNwayOo

News

သမ္မတကို ချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင် ကို ပြည်ထောင်စုနေ့မှာ စစ်ကောင်စီ ခေါင်းဆောင်ကျင်းပဖို့စီစဉ်

ဗိုလ်ရှုခံသဘင်ကို လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက် ၊ သမ္မတ ဒေါက်တာဘဦး ၊ သမ္မတ မန်းဝင်မောင်တို့လက်ထက်အထိကျင်းပခဲ့တာရှိပါတယ်။

ဓာတ်ပုံ − AFP

သမ္မတကို လက်နက်ကိုင်တပ်ပေါင်းစုနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင်အခမ်းအနားကို လာမယ့်ပြည်ထောင်စုနေ့မှာ ကျင်းပဖို့ စစ်ကောင်စီခေါင်းဆောင်က စီစဉ်နေပါတယ်။

နေပြည်တော်က ဗိုလ်ရှုခံရင်ပြင်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဗိုလ်ရှုခံသဘင်ကို လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက် ၊ သမ္မတ ဒေါက်တာဘဦး ၊ သမ္မတ မန်းဝင်မောင်တို့လက်ထက်အထိကျင်းပခဲ့တာရှိပါတယ်။

ဒါပေမယ့် စစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း မှာ ဗိုလ်ရှုခံသဘင်ကို ကျင်းပတာမရှိပါဘူး။

Public Service Announcement

Public Service Announcement

Public Service Announcement

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နောက်ဆုံးကာလ ရောက်တဲ့အခါ ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ နဲ့အတူ ဗိုလ်ရှုခံသဘင်ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး သမ္မတကို စစ်တပ်နဲ့ ဌာဆိုင်ရာဝန်ထမ်းတွေက ချီတက်အလေးပြုခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအချိန်က နေပြည်တော်မှာ ဗိုလ်ရှုခံစင်မြင့်အတွက် ကုန်ကျစရိတ်အမြောက်အများကျခံကာ တည်ဆောက်တဲ့အပြင် တင်ဒါခေါ်ယူတာမရှိဘဲ ဆောက်လုပ်ရေးကုမ္ပဏီကို လက်သိပ်ထိုး အပ်လိုက်တဲ့လုပ်ရပ်တွေကို လွတ်တော်မှာ ကျယ်ကျယ်လောင်လောင်ထောက်ပြဝေဖန်ခဲ့တာတွေရှိခဲ့ပါတယ်။

အဲဒီဗိုလ်ရှုခံစင်မြင့်ကို ကျပ်ဘီလီယံ ၆၀ ကျော်အကုန်အကျခံပြီး တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။