Connect with us

Hi, what are you looking for?

News

ရှေ့တန်းစခန်းမှစစ်ကောင်စီတပ်သား ၃ဦးလက်နက်များနှင့်အတူ KNUထံ ခိုလှုံ

တပ်မတော်သားများမှ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့သို့ ဆက်သွယ် တိုင်ပင်ခဲ့၍ KNUနှင့် ချိတ်ဆက် စိစစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်သား ၃ဦးသည် လက်နက်နှင့်အတူ KNU ထံတွင် ခိုလှုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ရှေ့တန်း စခန်း တစ်ခု၌ တာဝန်ကျနေသည့် တပ်မတော်သား ၃ဦးသည် စစ်ကောင်စီစခန်းကို စွန့်ခွာပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ထံတွင် ခိုလှုံနိုင်ခဲ့ပြီဖြစ်ကြောင်းပြည်သူ့ပန်းတိုင် အဖွဲ့က ယနေ့ထုတ်ပြန်သည်။

တပ်မတော်သားများမှ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့သို့ ဆက်သွယ် တိုင်ပင်ခဲ့၍ KNUနှင့် ချိတ်ဆက် စိစစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်သား ၃ဦးသည် လက်နက်နှင့်အတူ KNU ထံတွင် ခိုလှုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကို စွန့်ခွာသွားသည့် ရှေ့တန်းစခန်းသည် မည်သည့်နယ်မြေဒေသ၌ ရှိသည်၊ မည်သည့်နေ့ရက်က စွန့်ခွာသွားသည် စသည်တို့ကိုမူ ဖော်ပြမထားပေ။

လက်ရှိတွင် KNU နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများပြားနေပြီး အရှမ်းဖမ်းဆီးခံရသည့် တပ်မတော်သားများ၊ KNU တပ်ဖွဲ့များထံအလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သားများလည်းရှိနေသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပန်းတိုင် အဖွဲ့သည် ယခင် ပြည်သူ့စစ်သား အဖွဲ့ ကို အမည်ပြောင်းစုဖွဲ့ထားခြင်းဖြစ်ပြီး စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ရပ်တည်လာသည့် တပ်မတော်မှ အရာရှိ စစ်သည်များ စုဖွဲ့ထား​သော အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။