Connect with us

Hi, what are you looking for?

News

ရှေ့တန်းစခန်းမှစစ်ကောင်စီတပ်သား ၃ဦးလက်နက်များနှင့်အတူ KNUထံ ခိုလှုံ

တပ်မတော်သားများမှ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့သို့ ဆက်သွယ် တိုင်ပင်ခဲ့၍ KNUနှင့် ချိတ်ဆက် စိစစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်သား ၃ဦးသည် လက်နက်နှင့်အတူ KNU ထံတွင် ခိုလှုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ရှေ့တန်း စခန်း တစ်ခု၌ တာဝန်ကျနေသည့် တပ်မတော်သား ၃ဦးသည် စစ်ကောင်စီစခန်းကို စွန့်ခွာပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ထံတွင် ခိုလှုံနိုင်ခဲ့ပြီဖြစ်ကြောင်းပြည်သူ့ပန်းတိုင် အဖွဲ့က ယနေ့ထုတ်ပြန်သည်။

တပ်မတော်သားများမှ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့သို့ ဆက်သွယ် တိုင်ပင်ခဲ့၍ KNUနှင့် ချိတ်ဆက် စိစစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်သား ၃ဦးသည် လက်နက်နှင့်အတူ KNU ထံတွင် ခိုလှုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကို စွန့်ခွာသွားသည့် ရှေ့တန်းစခန်းသည် မည်သည့်နယ်မြေဒေသ၌ ရှိသည်၊ မည်သည့်နေ့ရက်က စွန့်ခွာသွားသည် စသည်တို့ကိုမူ ဖော်ပြမထားပေ။

လက်ရှိတွင် KNU နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများပြားနေပြီး အရှမ်းဖမ်းဆီးခံရသည့် တပ်မတော်သားများ၊ KNU တပ်ဖွဲ့များထံအလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သားများလည်းရှိနေသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပန်းတိုင် အဖွဲ့သည် ယခင် ပြည်သူ့စစ်သား အဖွဲ့ ကို အမည်ပြောင်းစုဖွဲ့ထားခြင်းဖြစ်ပြီး စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ရပ်တည်လာသည့် တပ်မတော်မှ အရာရှိ စစ်သည်များ စုဖွဲ့ထား​သော အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

Trending

Facebook