Connect with us

Hi, what are you looking for?

News

ထားဝယ်အကျဉ်းထောင်မှာ အမှုအများဆုံးတရားစွဲခံထားရသူ သပိတ်ခေါင်းဆောင်ကို ထောင်ဒဏ် ၁၉ နှစ်ချ

ထားဝယ်မြို့ပေါ် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဦးဆောင်လှုပ်ရှားသူ ကိုထွန်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။

ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံရသူတွေထဲ ပုဒ်မအများဆုံးနဲ့ စစ်ကောင်စီက တရားစွဲထားသူ သပိတ်ခေါင်းဆောင် ကိုထွန်းဦးကို ထောင်ဒဏ် ၁၉ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ် ကိုထွန်းဦးကို စုစုပေါင်း ပုဒ်မ ၉ ခုနဲ့စွဲဆိုထားတာဖြစ်ပြီး ကနဦးအနေနဲ့ ပုဒ်မ ၅ ခုအတွက် ထောင်ဒဏ် ၁၉ နှစ်ချလိုက်တာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့ပေါ် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဦးဆောင်လှုပ်ရှားသူ ကိုထွန်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ဆူပူအောင်လှုံဆော်မှုအပါအဝင် စုစုပေါင်း ပုဒ်မ ၉ ခုနဲ့တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook