Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်အကျဉ်းထောင်မှာ အမှုအများဆုံးတရားစွဲခံထားရသူ သပိတ်ခေါင်းဆောင်ကို ထောင်ဒဏ် ၁၉ နှစ်ချ

ထားဝယ်မြို့ပေါ် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဦးဆောင်လှုပ်ရှားသူ ကိုထွန်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။

ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံရသူတွေထဲ ပုဒ်မအများဆုံးနဲ့ စစ်ကောင်စီက တရားစွဲထားသူ သပိတ်ခေါင်းဆောင် ကိုထွန်းဦးကို ထောင်ဒဏ် ၁၉ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ် ကိုထွန်းဦးကို စုစုပေါင်း ပုဒ်မ ၉ ခုနဲ့စွဲဆိုထားတာဖြစ်ပြီး ကနဦးအနေနဲ့ ပုဒ်မ ၅ ခုအတွက် ထောင်ဒဏ် ၁၉ နှစ်ချလိုက်တာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့ပေါ် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဦးဆောင်လှုပ်ရှားသူ ကိုထွန်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ဆူပူအောင်လှုံဆော်မှုအပါအဝင် စုစုပေါင်း ပုဒ်မ ၉ ခုနဲ့တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

သတင်း

KPPAနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)၏ ပူးတွဲ ကြေညာချက်အရ အထက်ပါ ရာဇဝတ်အကျဥ်းသား နှင့် နိုင်ငံရေးအကျဥ်းသားတို့သည် ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်မြောက်ခဲ့ခြင်းဟု ဆိုသည်။