Connect with us

Hi, what are you looking for?

News

လွိုင်ကော် – ရှားတောလမ်းပိုင်း သွားလာခွင့်ပိတ်ပင်ကြောင်း KNDF သတိ​ပေး

စစ်ရေးနှင့် နယ်မြေအခြေအနေပေါ်မူတည်၍လည်း လိုအပ်သလို ရက်ထပ်မံတိုးမြှင့်ပိတ်ပင်ထားမည်ဟု KNDF လွိုင်ကော်ဇုန်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် လွိုင်ကော် – ရှားတော လမ်းပိုင်းအားသွားလာခွင့်ပိတ်ပင်ကြောင်း ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF)လွိုင်ကော်ဇုန်က အရေးပေါ်သတိပေးချက်ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၇ ရက်)မှ ဇန်နဝါရီ ၁၃ရက်အထိ လွိုင်ကော်မှ ရှားတောမြို့သို့ သွားလာသည့် လမ်းတစ် လျှောက်တွင် ဒန်ဘာ၊မှန်အလုံပိတ်ကားများ၊အိမ်စီးကားများနှင့် အခြားယာဥ်များဖြင့် သွားလာခြင်းပိတ်ထားမည်ဖြစ်သည်။

စစ်ရေးနှင့် နယ်မြေအခြေအနေပေါ်မူတည်၍လည်း လိုအပ်သလို ရက်ထပ်မံတိုးမြှင့်ပိတ်ပင်ထားမည်ဟု KNDF လွိုင်ကော်ဇုန်က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီသည် လွိုင်ကော်မှ ရှားတောသို့ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကရင်နီတပ်မတော် KA နှင့် KNDFတို့နှင့် တိုက်ပွဲများဖြစ်ကာ စစ်​ကောင်စီတပ်မှ အကျအဆုံးများ​ပြီး ဒုတပ်ရင်းမှူး ကျော်သူစိုးအပါအဝင် ၁၆ဦးသေဆုံးကြောင်း ကရင်နီတပ်မတော် (KA)က ထုတ်ပြန်ထား သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှာက်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစတ်ခတ်ခြင်း၊ဘူဒိုဇာ၊ ဘတ်ဟိုးယာဥ်များဖြင့် ရှင်းလင်းခြင်း၊ ဒေသခံနေအိမ်များကို ဖောက်ထွင်းခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများလည်း လုပ် ဆောင်နေသည်ဟု KNDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

Facebook