Connect with us

Hi, what are you looking for?

News

အရာတော်တွင်မိုင်းရှင်းရန်လာသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်၊ ၁၂ ဦးသေပြီး ၈ ဦးဒဏ်ရာရဟုထုတ်ပြန်

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် အရာတော်-မုံရွာလမ်းပိုင်းအတိုင်း ဝါးတန်းကျေးရွာအနောက်ဘက်သို့ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီ၏ချေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

(သ​ပြေညို​ပျောက်ကြားတပ်ဖွဲ့ဝင်များ​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-TPN)

အရာတေယ်မြို့နယ်အတွင်း မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီတပ် ခြေလျင်စစ် ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ယ​နေ့(ဇန်နဝါရီ ၇)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် အရာတော်-မုံရွာလမ်းပိုင်းအတိုင်း ဝါးတန်းကျေးရွာအနောက်ဘက်သို့ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီ၏ချေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ပထမအကြိမ်တိုက်ခိုက်သည့် ဝါးတန်းရွာအနောက်ဘက်တိုက်ခိုက်မှုတွင် ပဒေသာမိုင်း ၄ လုံးနှင့် ရှေ့ထွက်လက်နက်ကြီးတစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် ဒုတိယအကြိမ်တိုက်ခိုက်မှုကို မန်ကျီးသုံးပင်ဘက်ထွက်သောစစ်ကြောင်းအား နံနက် ၈ နာရီ ၄၅ တွင် ပဒေသာမိုင်း ၃ လုံးဖြင့်ထပ်မံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုရှိသော်လည်း သပြေညိုတပ်နှင့် မဟာမိတ်တပ် ဖွဲ့ဝင်များအား တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သို့သော် ဝါးတန်းကျေးရွာအနီးရောက်လာသော စစ်ကောင်စီတပ်များမှာ ရာဘာခြံ၌အလုပ်လုပ်နေသော အရပ်သားပြည်သူနှစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုများကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Knights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့တို့မှ ဦးဆောင်၍ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) စသည့် ညီနောင် (၈)ဖွဲ့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်