Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာတော်တွင်မိုင်းရှင်းရန်လာသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်၊ ၁၂ ဦးသေပြီး ၈ ဦးဒဏ်ရာရဟုထုတ်ပြန်

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် အရာတော်-မုံရွာလမ်းပိုင်းအတိုင်း ဝါးတန်းကျေးရွာအနောက်ဘက်သို့ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီ၏ချေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

(သ​ပြေညို​ပျောက်ကြားတပ်ဖွဲ့ဝင်များ​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-TPN)

အရာတေယ်မြို့နယ်အတွင်း မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီတပ် ခြေလျင်စစ် ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ယ​နေ့(ဇန်နဝါရီ ၇)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် အရာတော်-မုံရွာလမ်းပိုင်းအတိုင်း ဝါးတန်းကျေးရွာအနောက်ဘက်သို့ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီ၏ချေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ပထမအကြိမ်တိုက်ခိုက်သည့် ဝါးတန်းရွာအနောက်ဘက်တိုက်ခိုက်မှုတွင် ပဒေသာမိုင်း ၄ လုံးနှင့် ရှေ့ထွက်လက်နက်ကြီးတစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် ဒုတိယအကြိမ်တိုက်ခိုက်မှုကို မန်ကျီးသုံးပင်ဘက်ထွက်သောစစ်ကြောင်းအား နံနက် ၈ နာရီ ၄၅ တွင် ပဒေသာမိုင်း ၃ လုံးဖြင့်ထပ်မံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုရှိသော်လည်း သပြေညိုတပ်နှင့် မဟာမိတ်တပ် ဖွဲ့ဝင်များအား တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သို့သော် ဝါးတန်းကျေးရွာအနီးရောက်လာသော စစ်ကောင်စီတပ်များမှာ ရာဘာခြံ၌အလုပ်လုပ်နေသော အရပ်သားပြည်သူနှစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုများကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Knights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့တို့မှ ဦးဆောင်၍ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) စသည့် ညီနောင် (၈)ဖွဲ့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။