Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် မိုင်တယ်တာဝါတိုင်နှင့်ရုံးစောင့်စစ်​ကောင့်စီတပ် တိုက်ခိုက်ခံရပြီး ၁ ဦး​သေ၊အချို့ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ညက My Tel တာဝါတိုင်နှင့်ရုံးတွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်) နံနက် ၁ နာရီ ဝန်းကျင်က ရေစကြိုမြို့၊ မအိုတိုက် (ဘက) ဘုန်းကြီးကျောင်းဝင်းအတွင်းရှိသော Mytel ပင်မ တိုင်နှင့်ရုံးတွင် လုံခြုံရေးယူထားသည့်
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆယ်မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု့ ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦး သေဆုံးကာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ထိခိုက်ဒဏ်ရာရရှိကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက သတင်းထုတ်ပြန်သည်။

ထိုအပြင် ဇန်နဝါရီ ( ၇ ) ရက်နေ့ နံနက် (၁၀ ) နာရီ ဝန်းကျင်ကလည်း ရေစကြို ၂၅၈ တပ်ရင်းထဲမှထွက်လာသော စစ်သားအပြည့်လိုက်ပါလာသည့်ကားတစ်စီးအား ၂၅၈ တပ်ရင်းတောင်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့သည်။အဆိုပါစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ရေစကြိုPDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။