Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင်​ကောက်ရိပ်သိမ်း​နေ​သောပြည်သူနှစ်ဦးကိုစစ်​ကောင်စီတပ်​ပစ်သတ်၊​ ဒေသခံများတိမ်း​ရှောင်​နေရပြီး​ကောက်ရိတ်သိမ်းရန်အခက်ကြုံ​နေ

(ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကောက်ရိတ်နေပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူများလည်းထွက်ပြေးနေရကာ တောင်သူများကောက်ရိတ်သိမ်းရန် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ဇန်နဝါရီလ ၆ ရက်နေ့ဝန်းကျင်က ရွှေဘိုမြို့နယ်၊ ရုံးတောကျေးရွာနှင့် ကြောင်လျှာတော ကျေးရွာများသို့စစ်ကောင်စီတပ်သားများနှင့်၎င်းတို့လက်အောက်ခံပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးခဲ့ကြောင်း၊ထိုအချိန်ကောက်လှိုင်း(ကောက်ရွေးထုံး)တင်နေသောပြည်သူနှစ်ဦးအား ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံများက ​ပြောသည်။

“တစ်ဦးကသေနတ်ဒင်နဲ့ထုသတ်လို့ မျက်နှာတစစီ ဖြစ်သွားတယ်။ နောက်တစ်ဦးကတော့ နဖူးကျည်ဆန်မှန်သွားတယ်လို့ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့​ကြောင့်အဆိုပါ​ကျေးရွာမှပြည်သူများသည်နယ်ချင်းဆက်နေသည့်ဒီပဲယင်းမြို့နယ်အတွင်းထွက်​ပြေးတိမ်း​ရှောင် ခိုလှုံနေရပြီး ရွာလုံးကျွတ်တိမ်းရှောင်ရ၍ နှစ်ရွာပေါင်းလူဦးရေ (၂၀၀၀)ဝန်းကျင်ခန့်ရှိသည်။ ရုတ်တရက်တိမ်းရှောင်ရသည့်အတွက် အစားအစာ၊အဝတ်အထည်နှင့် ကျန်အသုံးအဆောင်များလိုအပ်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ)

ထို့အပြင် ရွှေဘိုပေါ်ဆန်းစိုက်ရာ ရွှေဘိုနယ်၏ အချို့နေရာများတွင် စစ်ကောင်စီတပ်သားများ၊ ၎င်းတို့လက်အောက်ခံ ပျူစောထီးများက တစ်ဧကလျှင် သုံးသိန်းကျပ်တောင်းယူပြီးမှ စိုက်ပျိုးခွင့်ပြုခဲ့​သောစပါးများယခုအခါ ရိတ်သိမ်းချိန်ရောက်လာပြီဖြစ်သော်လည်း တောင်သူအများစုသည် နေရပ်သို့မပြန်ရဲဘဲ​ရှိ​နေကြသည်။ ​တောင်သးအချို့မှာအရဲစွန့်၍ တိမ်း​ရှောင်​နေရာမှ ရိတ်သိမ်းနေရပြီး စပါးရိတ်သိမ်းနေချိန် အကြမ်းဖက်စစ်​ကောင်စီတပ်သားများစစ်ကြောင်းထိုးလာပါက ထပ်မံထွက်ပြေးတိမ်းရှောင်ကြရကြောင်း ရွှေဘိုမြို့မှတိမ်းရှောင်လာသူများအား အကူအညီပေးနေ
သည့် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။