Connect with us

Hi, what are you looking for?

News

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် အကောင်အထည်ဖော်နိုင်ရေးပံ့ပိုးပေးမည်ဟု အာဆီယံအစည်းအဝေးတက်ရောက်ခွင့်မရသည့် မင်းအောင်လှိုင် လေသံပြောင်းပြော

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Park Sokhonn ဖြစ်ပြီး အလှည့်ကျဥက္ကဌစတင်တာဝန်ယူချိန်တွင် ဝန်ကြီးချုပ်ဟွန်ဆန်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ဘုံဆုံးဖြတ် ချက်၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေး အပြည့်အ၀ ပံ့ပိုးသွားမည်ဟု အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် ထွက်ပေါ်အပြီး ၈ လကျော် လိုက်နာအကောင်အထည်ဖော်ခြင်းမရှိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်က အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်တွင် ယင်းသို့ပြောဆိုခဲ့ကြောင်း စစ်ကောင်စီနှင့် ကမ္ဘောဒီးယား ပူးတွဲကြေညာချက်၌ ဖော်ပြ သည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Park Sokhonn ဖြစ်ပြီး အလှည့်ကျဥက္ကဌစတင်တာဝန်ယူချိန်တွင် ဝန်ကြီးချုပ်ဟွန်ဆန်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ နိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိ ပြည်တွင်းအခြေအနေများ ထည့်သွင်းစဉ်းစားကာ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံနိုင်ရေးပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် ပြီးခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) Erywan Yusof တာဝန်ယူချိန် ၅လအတွင်း မြန်မာပြည်လာရောက်နိုင်ခဲ့ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိ သည့်အတွက် ပြီးခဲ့သည့်အာဆီယံထိပ်သီးညီလာခံအပါအဝင် ဆက်စပ်အစည်းအဝေးများသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့၍ ကမ္ဘောဒီးယားက အလှည့်ကျဥက္ကဌ တာဝန်ယူချိန်တွင် အထက်ပါအတိုင်း ပံ့ပိုးကူညီမည်ဟု ပြောဆိုလာခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအပြင်းအထန်ကန့်ကွက်သည့်ကြားမှပင် အကြမ်းဖက်မှုများ ဆက်တိုက် တိုးမြှင့်ကျူးလွန်နေသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ နေပြည်တော်သို့ ၂ရက်ကြာလာရောက်ခဲ့သည်။

အဆိုပါခရီးစဉ်သည် မြန်မာ့အကျပ်အတည်းဖြေရှင်းရန် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရေး မတူညီသည့်ချဉ်းကပ်မှုများဖြင့် လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ခရီးစဉ်အပြီးသတင်းထောက်များကို ပြောသည်။

သို့သော် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ခရီးစဉ်သည် အာဏာရှင်အချင်းချင်းအကြား ဖေးကူသည့် လုပ်ရပ်သာဖြစ်ပြီး မြန်မာပြည်သူများအတွက် မည်သည့်အကျိုးရလဒ်ကိုမျှ သယ်ဆောင်လာမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်များက ယုံကြည်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook