Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး လက်နက်နှင့်အတူလာရောက်ပူးပေါင်းဟု CDF-KKG ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးသည် ၎င်းတို့လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ဟုဆိုကာ လက်နက်နှင့်အတူ ပူးပေါင်းလာသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-ကလေး၊ကဘော်၊ဂန့်ဂေါ(CDF-KKG)က ယနေ့သတင်းထုတ်ပြန်သည်။

စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ – စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်နေသည့် (လက်ရှိတွင် မုံရွာ၌ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ) ဗိုလ်ကြီး ကောင်းသူဝင်း (ကြမ်း ၅၅၇၂၅၊ DSA – ၅၂)သည် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် သေနတ်ကျည်အပြည့်အစုံဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက်က CDF – KKGထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်များ၊ မတရားမှုများကို စက်ဆုပ်ရွံရှာပြီး CDM ပြုလုပ်လာသည့် ဗိုလ်ကြီးကောင်းသူဝင်းနှင့် မိသားစုကို လုံခြုံစိတ်ချမှုအပြည့်ရှိသည့် နေရာဒေသသို့ ပို့ဆောင်ပေးပြီးဖြစ်သကဲ့သို့ ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။