Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်အတွင်း လမ်းသုံးလမ်းတွင် ညပိုင်းဖြတ်သန်းသွားလာခြင်းမပြုရန် အသိ​​ပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ညပိုင်းအချိန်များ၌ ရွှေဘို-မန္တလေးလမ်းမကြီးအပါအဝင် လမ်း သုံး လမ်းတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးကြေညာသည်။

ဇန်ဝါရီ ၉ ရက်နေ့ မှစ၍ ဝက်လက်မြို့နယ်အတွင်း ခရီးသွားပြည်သူများ အနေဖြင့် ည ( ၉ ) နာရီမှ နံနက် ( ၄ ) နာရီ အတွင်း ရွှေဘို – မန္တလေး လမ်းမကြီး၊ ရွှေဘို – အရာတော် -မုံရွာ ဖြတ်လမ်း၊ ရွာသာကြီး – ဝက်လက်လမ်း၊ အစရှိသည့်လမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင်း – ၁ ) မှအသိပေးထုတ်ပြန်ကြေညာသည်။

ကန့်သတ်ထားသော အချိန်အတွင်း ဖြတ်သွားလာပါက မိမိတာဝန်သာဖြစ်ကြောင်း၊ ဖြစ်လာမည့်အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်း ၊ ထပ်မံအသိပေးကြေညာချက် မထုတ်ပြန်ချိန်အထိ အကြုံးဝင်ကြောင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင်း – ၁ )ကအသိပေးသည်။

ဝက်လက်မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ ဝက်လက်မြို့နယ် အရှေ့ခြမ်း၌ ဒေသတွင်း PDFများနှင့် ဝက်လက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအကျအဆုံးများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။