Connect with us

Hi, what are you looking for?

News

ပျူ​စောထီးစခန်းကို ​ကနီဒေသတွင်း PDFတိုက်ခိုက်၊ ပျူတစ်ဦး​သေဆုံးပြီး ဒဏ်ရာပြင်းထန်သူအတွက်​ သွေးလှူသူမရှိ

အခြားပျူစောထီး နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရပြီး ဆေးရုံသို့ ပို့ရန်ပင် မဖြစ်နိုင်သဖြင့် ရေလည်ကျွန်းရွာပျူစောထီးစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က အသိပေးသည်။

(ကနီ PDF တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းအား ဒေသတွင်း PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ကနီPDFက သတင်းထုတ်ပြန်သည်။

(ကနီ PDF တပ်ဖွဲ့ဝင်များ)

ယနေ့(ဇန်နဝါရီလ၁၀ရက်) နေ့လယ် ၂နာရီခွဲခန့်က ကနီမြို့နယ် ၊ ရေလည်ကျွန်းရွာ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ကနီမြို့နယ်အတွင်းလှုပ်ရှားဆောင်ရွက်လျက်ရှိသော တော်လှန်ရေးအင်အားစု ပြည်သူ့ဘက်တော်သားများကတိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ပျူစောထီး တစ်ဦး အောက်ပိုင်းထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း People’s Defense Force (Kani)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာရသော ပျူစောထီးကိုကနီမြို့သို့ ရေလည်ကျွန်းရွာ ပျူများမှ နွားလှည်းဖြင့် သွားရောက် ပို့ဆောင်ရာ အကြမ်းဖက်စစ်​ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးမှ ကားဖြင့် လာရောက်ကြို၍ ကနီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကနီဆေးရုံသို့ ရောက်ရှိလာသော အောက်ပိုင်းထိသွားသည့် ပျူစောထီးအဖွဲ့ဝင်မှာ သွေးထွက်လွန်နေသဖြင့် သွေးအလှူရှင်ရှာရာလှူဒါန်းမည့်သွေးအလှူရှင်(လုံးဝ)မရှိကြောင်း ကနီ PDFက ဆိုသည်။

အခြားပျူစောထီး နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရပြီး ဆေးရုံသို့ ပို့ရန်ပင် မဖြစ်နိုင်သဖြင့် ရေလည်ကျွန်းရွာပျူစောထီးစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook