Connect with us

Hi, what are you looking for?

News

ရေဦးတွင် စစ်​ကောင်စီတပ်ကို PDFသုံးဖွဲ့​ပေါင်းတိုက်ခိုက်

“မနေ့ညက ည ၇ နာရီလောက်မှာ ချမ်းသာရွာထဲဝင်ပြီး ပစ်ခတ်နေတယ်။ ရွာတွေလည်းထွက်ပြေးနေရတယ်။”ဟု ရေဦးဒေသခံတစ်ဦးက​ပြောသည်။

(ရေဦးမြို့နယ်၊ လျှော်ဖြူကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းကတွေ့ရသည့် အကြမ်းဖက်စစ်တပ်)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ​အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းPDF သုံးဖွဲ့ပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ပြီး ထိခိုက်​သေဆုံးမှုများနိုင်ကြောင်း ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ- ​ရေဦး)သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) နံနက် ၇ နာရီ ခွဲအချိန်ခန့်က ရေဦးမြို့နယ်၊ တောင်ဂွင်ရွာ နှင့် တောကျောင်းအကြားရှိ စစ်ကောင်စီအဖွဲ့ကို PDF(YEU)၊ ပကဖ(ရေဦး) နှင့် ဒေသခံတော်လှန်ရေးအဖွဲ့တို့ပူးပေါင်းပြီး ပြောက်ကျားစနစ်ဖြင့် ဆယ်မိနစ်ခန့်လက်နက်ငယ်ဖြင့်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။ ထို့​နောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှအကျ
အဆုံးမသိရသေးကြောင်းပကဖ(ရေဦး)ကအသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများအား တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုးကာဝင်ရောက်နေပြီး ပစ်ခတ်မှုများလည်းရှိနေကြောင်း ဒေသခံများကပြောသည်။

“မနေ့ညက ည ၇ နာရီလောက်မှာ ချမ်းသာရွာထဲဝင်ပြီး ပစ်ခတ်နေတယ်။ ရွာတွေလည်းထွက်ပြေးနေရတယ်။”ဟု ရေဦးဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောရွာကို ရိက္ခာလာယူသည့် စစ်ကောင်စီတပ်ဖွဲ့အား ဒေသတွင်း PDFများက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။ ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်းကလည်း ရေဦးမြို့နယ်၊ မကျီးနီကျေးရွာ ဘောလုံးကွင်းမှ စစ်ကောင်စီတပ်များ ထွက်လာစဥ် ဒေသခံတော်လှန်ရေးအဖွဲ့များက မိုင်းများ၊ လက်လုပ်ရှော့ဂမ်း သုံးလုံးဖြင့် ခုခံတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။