Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဥက္ကလာမြို့နယ် သပိတ်ခေါင်းဆောင်တစ်ဦးနှင့် မြို့နယ်(ပကဖ)အဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရ

“ဘယ်လိုဖမ်းဆီးခံရသလဲဆိုတာတော့ ခုထိမသိရသေးဘူး။ သူ(ကိုလင်းထက်)နဲ့အတူ တ ခြားသူတွေလည်းအဖမ်းခံရပါတယ်။ ပကဖ တချိူ့ပေါ့”ဟု တောင်ဥက္ကပမြို့နယ်(ပကဖ)ဒုတာဝန်ခံက ပြောသည်။

(ဖမ်းဆီးခံခဲ့ရသည့် မြို့နယ်သပိတ်​ခေါင်း​ဆောင်ကိုလင်းထက်)

တောင်ဥက္ကလာပမြို့နယ် အထွေထွေသပိတ်ဦးဆောင်ကော်မတီတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး (ပ.က.ဖ)စစ်ကောင်စီ ၏ဖမ်းဆီးခြင်းခံလိုက်ရကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။

ဖမ်းဆီးခံရသူများတွင် မြို့နယ်အထွေထွေသပိတ်ဦးဆောင်ကော်မတီဝင်လည်းဖြစ် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်ဟောင်းတစ်ဦးလည်းဖြစ်သည့် ကိုလင်းထက်နှင့်မြို့နယ် ပ.က.ဖအဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု၎င်းကပြောသည်။

“ဘယ်လိုဖမ်းဆီးခံရသလဲဆိုတာတော့ ခုထိမသိရသေးဘူး။ သူ(ကိုလင်းထက်)နဲ့အတူ တ ခြားသူတွေလည်းအဖမ်းခံရပါတယ်။ ပကဖ တချိူ့ပေါ့”ဟု တောင်ဥက္ကပမြို့နယ်(ပကဖ)ဒုတာဝန်ခံက ပြောသည်။

သပိတ်ဦးဆောင်ကော်မတီဝင် ကိုလင်းထက်ကို ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မြို့နယ်(ပကဖ)အဖွဲ့ဝင်တစ်ဦးကိုပါ အဖမ်းခံရခြင်းဖြစ်ကြောင်း ဒုတာဝန်ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ကိုလင်းထက်နှင့် မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အဖမ်းခံရပြီးနောက်ရက်တွင် ပကဖအဖွဲ့ဝင် နောက်ထပ်နှစ်ဦး ဆက်လက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်၊ မည်သည့်အခြေအနေရှိနေသည့် စသည်တို့အား မသိရသေးဘဲ ယခု(ဇန်နဝါရီ ၁၃)အချိန်ထိအဆက်အသွယ်မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။