Connect with us

Hi, what are you looking for?

News

တောင်ဥက္ကလာမြို့နယ် သပိတ်ခေါင်းဆောင်တစ်ဦးနှင့် မြို့နယ်(ပကဖ)အဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရ

“ဘယ်လိုဖမ်းဆီးခံရသလဲဆိုတာတော့ ခုထိမသိရသေးဘူး။ သူ(ကိုလင်းထက်)နဲ့အတူ တ ခြားသူတွေလည်းအဖမ်းခံရပါတယ်။ ပကဖ တချိူ့ပေါ့”ဟု တောင်ဥက္ကပမြို့နယ်(ပကဖ)ဒုတာဝန်ခံက ပြောသည်။

(ဖမ်းဆီးခံခဲ့ရသည့် မြို့နယ်သပိတ်​ခေါင်း​ဆောင်ကိုလင်းထက်)

တောင်ဥက္ကလာပမြို့နယ် အထွေထွေသပိတ်ဦးဆောင်ကော်မတီတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး (ပ.က.ဖ)စစ်ကောင်စီ ၏ဖမ်းဆီးခြင်းခံလိုက်ရကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။

ဖမ်းဆီးခံရသူများတွင် မြို့နယ်အထွေထွေသပိတ်ဦးဆောင်ကော်မတီဝင်လည်းဖြစ် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်ဟောင်းတစ်ဦးလည်းဖြစ်သည့် ကိုလင်းထက်နှင့်မြို့နယ် ပ.က.ဖအဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု၎င်းကပြောသည်။

“ဘယ်လိုဖမ်းဆီးခံရသလဲဆိုတာတော့ ခုထိမသိရသေးဘူး။ သူ(ကိုလင်းထက်)နဲ့အတူ တ ခြားသူတွေလည်းအဖမ်းခံရပါတယ်။ ပကဖ တချိူ့ပေါ့”ဟု တောင်ဥက္ကပမြို့နယ်(ပကဖ)ဒုတာဝန်ခံက ပြောသည်။

သပိတ်ဦးဆောင်ကော်မတီဝင် ကိုလင်းထက်ကို ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မြို့နယ်(ပကဖ)အဖွဲ့ဝင်တစ်ဦးကိုပါ အဖမ်းခံရခြင်းဖြစ်ကြောင်း ဒုတာဝန်ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ကိုလင်းထက်နှင့် မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အဖမ်းခံရပြီးနောက်ရက်တွင် ပကဖအဖွဲ့ဝင် နောက်ထပ်နှစ်ဦး ဆက်လက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်၊ မည်သည့်အခြေအနေရှိနေသည့် စသည်တို့အား မသိရသေးဘဲ ယခု(ဇန်နဝါရီ ၁၃)အချိန်ထိအဆက်အသွယ်မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook