Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်ရှိ ရဲစခန်းနှစ်ခုကို ဒေသတွင်း PDFအဖွဲ့များပူးပေါင်းပြီး သုံးကြိမ်တိုင်သွားရောက် တိုက်ခိုက်

တိုက်ခိုက်ခံရသည့်နေရာများသည် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းထားသော တပ်စခန်းများဖြစ်ကြောင်း ဗိုလ်ဂျပန်က ပြောသည်။

(PRA အဖွဲ့မှ ရဲဘော်များကို တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရဟု PRA ဆို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ရဲစခန်းနှစ်ခုကို ဒေသတွင်း PDFအဖွဲ့များပူးပေါင်းကာ သုံးကြိမ်တိုင်သွားရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် People Revolution Army (PRA)မှ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁ဝ ရက် ညနေ ၃ နာရီအချိန်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို မြေပြင်ထိုးစစ်သာမက ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)၊ ပုံတောင်တိုက်ဂါးအဖွဲ့၊ပုလဲ(ပ.က.ဖ)၊ အောင်ဆန်းတပ်ဖွဲ့၊ပုံဏ္ဏကတပ်ဖွဲ့နှင့် Pale Joker အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ရာ အချိန်၅နာရီ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ဂျပန်က အသိပေးသည်။

ဇန်နဝါရီလ ၁၁ ရက် ည ၇ နာရီ အချိန်ကလည်း ထိုစခန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)၊ ပုဏ္ဏကတပ်ဖွဲ့၊ပုလဲ(ပ.က.ဖ) နှင့် Local PDF အဖွဲ့များက လက်လုပ် ၆၀(မမ)နှင့် ပစ်ခတ်ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်သော်လည်း မသိရသေးကြောင်း ဗိုလ်ဂျပန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၂ ရက် ည ၁၁ နာရီအချိန်ကလည်း ပုလဲမြို့နယ် ပုလဲရဲစခန်းအား တာဝေးပစ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း၊ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)၊ ကျားသစ်နက်တပ်ဖွဲ့၊ပုဏ္ဏကတပ်ဖွဲ့၊ပုလဲလွင်ပြင်အင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု PRAမှ ဗိုလ်ဂျပန်က အသိပေးသည်။

တိုက်ခိုက်ခံရသည့်နေရာများသည် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းထားသော တပ်စခန်းများဖြစ်ကြောင်း ဗိုလ်ဂျပန်က ပြောသည်။

ထို့အပြင် ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားရာကျော်ဖြင့် စစ်ကြောင်းထိုးကာ လေကြောင်းပစ်ခတ်မှုများရှိနေပြီး ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ဆက်တိုက် ကျူးလွန်နေကြောင်း ပုလဲနယ်အခြေစိုက် အောင်ဆန်းတပ်ဖွဲ့ A.S.F ကလည်း သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ဝ ရက်ကဖြစ်ပွားခဲ့သည့် ပုလဲမြို့နယ် အုန်းနှောက်ရွာဖြစ်စဥ်တွင် တပ်ဖွဲ့အနေဖြင့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများအား ကယ်ထုတ်နိုင်ရေးနှင့် လက်တုန့်ပြန်နိုင်ရေး အစွမ်းကုန်ကြိုးစားခဲ့၊ ကြိုးစားလျက်ရှိကြောင်း၊ ယင်းဖြစ်စဥ်နှင့် ဆက်စပ်လျက် အကြမ်းဖက်စစ်ကောင်စီသည် ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းအား အင်အားထပ်မံဖြည့်တင်းလျက် အနောက်မြောက်ဒေသမှပုလဲနယ်အား အင်အားရာကျော်စစ်ကြောင်းများဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ထို့အပြင် လေကြောင်းပစ်ကူများပါ ပစ်ခတ်နေပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အင်အားသုံးလျက်ရှိကာ ဆိုးရွားသည်မှာ အရပ်ဖက် အဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူများအား လူမဆန်စွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း အောင်ဆန်း တပ်ဖွဲ့ A.S.F က အသိပေးသည်။

အောင်ဆန်းတပ်ဖွဲ့ A.S.F သည် အနောက်မြောက်ဒေသတခွင်အား ပြောက်ကြားခြေကုပ်ရယူ၍ အကြမ်းဖက် စစ်ကောင်စီအား နည်းနာမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ အနီးတဝိုက်တွင် နေထိုင်သွားလာခြင်းမပြုကြရန်နှင့် ပြည်သူအချင်းချင်းဖေးမကူညီ၍ အတူလက်တွဲရင်ဆိုင်ကြရန် မေတ္တာရပ်ခံကြောင်း အောင်ဆန်းတပ်ဖွဲ့က ပြောသည်။

တပ်ဖွဲ့အနေဖြင့်လည်း မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား အစွမ်းကုန်ကာကွယ်ပေးနိုင်ရန်ကြိုးစား မည်ဖြစ်ပြီး ရရာလက်နက်၊ သင့်ရာနည်းနာဖြင့် ခုခံစစ်ပွဲဆက်လက်ဆင်နွှဲသွားမည်ဟု အောင်ဆန်းတပ်ဖွဲ့က အသိပေးသည်။

“ဦးနှောက်ရွာကို လေကြောင်းမှပစ်ခတ်ပြီးနောက် ရဟတ်ယာဥ်နဲ့ တပ်သားတွေချကာ ရွာကိုဝိုင်းခဲ့တာဖြစ်ပါတယ်။ ရွာသားတွေကို မတရားရက်ရက်စက်စက် နှိပ်စက်ခဲ့ပြီး တစ်ချို့ပစ်သတ်ခံခဲ့ရသူတွေကို မီးရှို့ပစ်ခဲ့ပါတယ်။ကား၂စီး နှင့် ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တန်ဖိုးကြီးရွှေငွေပစ္စည်းတွေကို ယူဆောင်သွားခဲ့တာပါ။ ရွာသူ၊ ရွာသားများကတော့ လူမဆန်စွာ မတရားနှိပ်စက်ခံရမှုဒဏ်ကြောင့် လူရောစိတ်ပါ ဒဏ်ရာရနေကြရပါ တယ်။”ဟု ပုလဲနယ်သတင်းများဖော်ပြနေသည့် Pale Entertainment စာမျက်နှာက ရေးသားထားသည်။

ယခုရက်ပိုင်းအတွင်း ပုလဲ-မင်းတိုင်ပင်-ကန့်ဒေါင့်လမ်းပိုင်း အား ပြည်သူများအနေဖြင့် ဖြတ်သန်းသွား လာခြင်းမပြုကြရန် ပြည်သူ့တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။