Connect with us

Hi, what are you looking for?

News

သရုပ်ဆောင်ပိုင်တံခွန်အမှု အယူခံမဝင်

အမိန့်ချရာတွင်လည်း တရားရုံးလုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်၍ အနိုင့်အထက်ဝန်ခံရာ ရောက်စေသည့် မေးခွန်းများမေးခဲ့သည်ဟု ဦးခင်မောင်မြင့်က ရေးသားထားသည်။

မတရားဥပဒေပုဒ်မဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသော နာမည်ကျော်သရုပ်ဆောင်ပိုင်တံခွန်၏ အမှုကို မိသားစုဝင်များ၏ ဆန္ဒအရအယူခံဝင်တော့မည်မဟုတ်ကြောင်း ယင်းအမှုတွင်လိုက်ပါဆောင်ရွက်နေသည့် ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။

“သူ့မိသားစုက အယူခံမဝင်လိုကြောင်း ဆန္ဒပြုလာတဲ့အတွက် မိသားစုများရဲ့ ဆန္ဒအတိုင်း အယူခံမဝင်တော့ဘဲ နောင်အခါလေ့လာဖို့ မှတ်တမ်းအဖြစ်ပဲထားလိုက်တော့မယ့်အကြောင်း အသိပေးပါတယ်ခင်ဗျာ” ဟု ၎င်းက လူမှုကွန်ရက်မှတစ်ဆင့် ပိုင်တံခွန်၏ ပရိတ်သက်များအား အသိပေး ရေးသားထားသည်။

ပိုင်တံခွန်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် မတရားပုဒ်မတပ်ကာ ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ ၂၇ရက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တရားသူကြီးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမိန့်ချရာတွင်လည်း တရားရုံးလုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်၍ အနိုင့်အထက်ဝန်ခံရာ ရောက်စေသည့် မေးခွန်းများမေးခဲ့သည်ဟု ဦးခင်မောင်မြင့်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပြစ်ဒဏ်ချမှတ်ပြီးနောက်တစ်ရက်တွင် ပိုင်တံခွန်က TC Candlerက ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် ကမ္ဘာကျော်မင်းသားများကိုကျော်ဖြတ်၍ ဆုရွေးချယ်ပေးခဲ့သည်။ နိုင်ငံရေးကြောင့် အကျဥ်းကျခံနေရသည့် ပိုင်တံခွန် အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

သတင်း

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

လက်ရှိ ဝင်ငွေအကောင်းဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားတဲ့ စစ်ကောင်စီရဲ့“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဘာတွေများ တင်မိခဲ့လို့ပါလဲ။