Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် ပြည်သူနှင့်ပူး​ပေါင်း

ယခုအခါ အကြမ်းဖက်စစ်​ကောင်စီကိုစွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​​သော တပ်မ​တော်သားနှင့်ရဲ တပ်ဖွဲ့ဝင် တစ်​သောင်းဝန်းကျင်ရှိလာပြီ ဖြစ်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ အာဏာသိမ်းစစ်​ကောင်စီ၏ ခလရ(၂၆၈)တပ်မှ တပ်သားဇင်လင်းအောင်သည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူနှင့်အတူပူး​ပေါင်းရန် CNO/CNDFထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့​ကြောင်း CNO (ချင်းအမျိုးသားအဖွဲ့ချုပ်)က ထုတ်ပြန်သည်။

တပ်သားဇင်လင်း​အောင်ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁ မှ အကြမ်းဖက်စစ်ကောင်စီအပေါ် နာကျည်းချက်များစွာ ရှိသောကြောင့်ဟုဆိုကာ ပြည်သူနှင့်အတူပူးပေါင်းရန် CNDF (ချင်းအမျိုးသားကာကွယ်​​ရေးတပ်ဖွဲ့)ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးCNO/CNDF မှလည်း ဆုကြေးငွေချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့​ကြောင်း ​ဖော်ပြထားသည်။

ယခုအခါ အကြမ်းဖက်စစ်​ကောင်စီကိုစွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​​သော တပ်မ​တော်သားနှင့်ရဲ တပ်ဖွဲ့ဝင် တစ်​သောင်းဝန်းကျင်ရှိလာပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။