Connect with us

Hi, what are you looking for?

News

အမေရိကန်စစ်အသုံးစရိတ်တိုးမြှင့်မှု မြန်မာအပေါ် သက်ရောက်မှုရှိလာမယ်လို့ စစ်ကောင်စီထုတ်ပြောလာ

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက NDAA လို့ခေါ်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေမှာ ပုံမှန်သုံးနေတဲ့ စစ်ရေးအသုံးစရိတ်ကို ၅ ရာခိုင်နှုန်းတိုးမြှင့်လိုက်တာပါ။

အမေရိကန်အစိုးရဟာ တရုတ်ကိုထိန်းချုပ်ဖို့ အင်ဒိုပစိဖိတ်ဒေသအတွက် စစ်အသုံးစရိတ် တိုးမြှင့်လိုက်တဲ့အခြေအနေဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိလာမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက NDAA လို့ခေါ်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေမှာ ပုံမှန်သုံးနေတဲ့ စစ်ရေးအသုံးစရိတ်ကို ၅ ရာခိုင်နှုန်းတိုးမြှင့်လိုက်တာပါ။

အဲဒီစစ်အသုံးစရိတ်မှာ အင်ဒိုပစိဖိတ်ဒေသအတွက် အမေရိကန် ဒေါ်လာ ၇ ဒဿမ ၁ ဘီလီယံကို သုံးစွဲမှာဖြစ်ပါတယ်။

အမေရိကန်ဟာ အင်ဒိုပစိဖိတ်ဒေသအတွက် ဒေါ်လာ ၇ ဘီလီယံကျော်သုံးစွဲပြီး ဥရောပနဲ့ ယူကရိန်းအတွက် ဒေါ်လာ ၄ ဘီလီယံကျော်သာသုံးစွဲမှာကိုတွေ့ရတယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကိုကြည်ပြီး အမေရိကန် ဘယ်ဒေသကိုစိတ်ဝင်စားလဲဆိုတာကိုသိနိုင်တယ်လို့လည်းပြောပါသေးတယ်။

” အင်ဒိုပစိဖိတ်ဒေသဆိုတာတည့်တည့်ပြောရင် တရုတ်ကိုထိန်းချုပ်ဖို့ပါပဲ” လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဆိုပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မဟာမိတ်နိုင်ငံလည်းဖြစ်တာကြောင့် ဒီအခြေအနေဟာ မြန်မာအပေါ်ကိုလည်းသက်ရောက်မှုရှိလာမယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာကိုအာဆီယံ မျက်နှာစာကနေ ဖိအားပေးနေတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါသေးတယ်။

ဒါကြောင့် အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ အာဆီယံဒေသတွင်းက နိုင်ငံအချို့ကို မကြာခဏလာရောက်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

“ပြောရရင်အကြောင်းမဲ့ ငွေကုန်ခံ ၊အချိန်ကုန်ခံပြီး ဘယ်သူမှလာစရာမလိုဘူး”လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အမေရိကန်အစိုးရဟာ NDAA မှာ NUG အစိုးရကို တရားဝင်ဖြစ်လာဖို့ကူညီပေးဖို့ထည့်သွင်းရေးဆွဲထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။