Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်လည်းရရှိရေး နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ကုလအထူးကိုယ်စားလှယ်အထူးကိုယ်စားလှယ်နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့ သဘောတူ

ဗီယက်နမ်နှင့် အာဆီယံတို့သည် မြန်မာကိုအာဆီယံမိသားစုဝင်အဖြစ်အမြဲတမ်းစဉ်းစားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေစိုးမိုးမှုတို့ကို လေးစားခြင်းအခြေခံအပေါ် ကူညီနေကြောင်း နိုင်ငံခြားရေးဝန်ကြီး Bui Thanh Sonက ပြောသည်။

မြန်မာပြည်သူများအကျိုးအတွက် ပုံမှန်အခြေအနေပြန်လည်ရရှိရေး အတူတကွနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့အကြား သဘောတူခဲ့ကြောင်း ဟနွိုင်းအခြေစိုက် VNA သတင်းဌာနက ဖော်ပြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့သည် ဇန်နဝါရီ ၁၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် မြန်မာ့အရေးကို ဆွေးနွေးခဲ့ပြီး လက်ရှိ မတည်ငြိမ်မှုများအပေါ် စိုးရိမ်ကြောင်းနှင့် အကြမ်းဖက်မှု များ အဆုံးသတ်ရေး ဦးစားပေး၊ အရေးပေါ်လုပ်ဆောင်ရန်လိုအပ်ကြောင်း အလေးပေးဆွေးနွေးသည်။

မြန်မာပြည်သူများအကျိုးနှင့်ဆီလျော်သည့် ငြိမ်းချမ်းသော၊ အားလုံးပါဝင်ပြီး ရေရှည်ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှုမြှင့်တင်ခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ လုပ်ဆောင်စဉ်တွင် လူသားချင်းစာနာမှုအထောက်အပံ့ကိုလည်း ဦးစားပေး၊ အရေးပေါ်လုပ်ဆောင်ရမည်ဟု ထည့်သွင်းဆွေးနွေးသည်။

ဗီယက်နမ်နှင့် အာဆီယံတို့သည် မြန်မာကိုအာဆီယံမိသားစုဝင်အဖြစ်အမြဲတမ်းစဉ်းစားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေစိုးမိုးမှုတို့ကို လေးစားခြင်းအခြေခံအပေါ် ကူညီနေကြောင်း နိုင်ငံခြားရေးဝန်ကြီး Bui Thanh Sonက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာ့အရေးတွင် ဘက်စုံတိုးတက်မှုရှိသည့် ချဉ်းကပ်မှုလိုအပ်နေပြီး အဖြေရှာခြင်းအားလုံးသည် ပြည်သူလူထုကို ဗဟိုပြုရမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာအသိုင်းအဝန်းနှင့် ကုလသမဂ္ဂအနေဖြင့်လည်း အာဆီယံ၏ဗဟိုကျမှုအခန်းကဏ္ဍနှင့် ကြိုးပမ်းအားထုတ်မှုများနှင့် မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေးအတွက် ဦးစားပေးလုပ်ဆောင်စေလိုကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြော သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။