Connect with us

Hi, what are you looking for?

News

ပုလဲတွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း PDFရဲ​​ဘော်တစ်ဦးကျဆုံး

“အမှောင်ထုကိုလိုချင်တဲ့လူတစ်စုကြောင့်လောကကိုအလင်းပေးနေတဲ့ကြယ်တွေ ကြွေကြွေကျနေရတယ်။စိတ်ချပါ ရဲဘော် ရဲဘော်လိုချင်တဲ့ လွတ်လပ်လုံခြုံတဲ့ ပြည်သူ့ ဘဝတွေဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်ရဲဘော်။ကောင်းရာ ဘုံဘဝ သေချာပေါက်ကြိုနေမှာပါ”ဟု ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း လူငယ်ရဲဘော်တစ်ဦး နိုင်ငံနှင့် ပြည်သူလူထုအတွက် အသက်ပေးလှူခဲ့ရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) မွန်းလွဲ ၁နာရီခန့်က ပုလဲမြို့နယ်၊ ဒေသတွင်း PDF အဖွဲ့တစ်ခုဖြစ်သော ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီတပ်များ လာရာလမ်းအား ပြောက်ကျားစစ်ဆင်ရေး ပြုလုပ်ရာတွင် မိုင်းကွင်းအတွင်းသို့ကျရောက်လာသော စကစလက်နက်ကြီးကျည်စထိမှန်ကာ တပ်စိတ်(၄) တပ်စိတ်မှုး အသက် ၂၄ နှစ်အရွယ် သန့်ဇင်ဦး ကျဆုံးခဲ့ရကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“အမှောင်ထုကိုလိုချင်တဲ့လူတစ်စုကြောင့်လောကကိုအလင်းပေးနေတဲ့ကြယ်တွေ ကြွေကြွေကျနေရတယ်။စိတ်ချပါ ရဲဘော် ရဲဘော်လိုချင်တဲ့ လွတ်လပ်လုံခြုံတဲ့ ပြည်သူ့ ဘဝတွေဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်ရဲဘော်။ကောင်းရာ ဘုံဘဝ သေချာပေါက်ကြိုနေမှာပါ”ဟု ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၃နာရီ ၃၃မိနစ်ခန့်က
ကန့်ဒေါင့်ရဲစခန်းအား အောင်ဆန်းတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့၊ PRA ၊ ပုဏ္ဏကတပ်ဖွဲ့၊ Pale Joker တပ်ဖွဲ့ တို့စုပေါင်းထားသော မဟာမိတ်တပ်ပေါင်းစုသည်ဝေဟင်မှ တိုက်ခိုက်ခြင်းနှင့် မြေပြင်လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ တရစပ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။