Connect with us

Hi, what are you looking for?

News

ပုလဲတွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း PDFရဲ​​ဘော်တစ်ဦးကျဆုံး

“အမှောင်ထုကိုလိုချင်တဲ့လူတစ်စုကြောင့်လောကကိုအလင်းပေးနေတဲ့ကြယ်တွေ ကြွေကြွေကျနေရတယ်။စိတ်ချပါ ရဲဘော် ရဲဘော်လိုချင်တဲ့ လွတ်လပ်လုံခြုံတဲ့ ပြည်သူ့ ဘဝတွေဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်ရဲဘော်။ကောင်းရာ ဘုံဘဝ သေချာပေါက်ကြိုနေမှာပါ”ဟု ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း လူငယ်ရဲဘော်တစ်ဦး နိုင်ငံနှင့် ပြည်သူလူထုအတွက် အသက်ပေးလှူခဲ့ရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) မွန်းလွဲ ၁နာရီခန့်က ပုလဲမြို့နယ်၊ ဒေသတွင်း PDF အဖွဲ့တစ်ခုဖြစ်သော ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီတပ်များ လာရာလမ်းအား ပြောက်ကျားစစ်ဆင်ရေး ပြုလုပ်ရာတွင် မိုင်းကွင်းအတွင်းသို့ကျရောက်လာသော စကစလက်နက်ကြီးကျည်စထိမှန်ကာ တပ်စိတ်(၄) တပ်စိတ်မှုး အသက် ၂၄ နှစ်အရွယ် သန့်ဇင်ဦး ကျဆုံးခဲ့ရကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“အမှောင်ထုကိုလိုချင်တဲ့လူတစ်စုကြောင့်လောကကိုအလင်းပေးနေတဲ့ကြယ်တွေ ကြွေကြွေကျနေရတယ်။စိတ်ချပါ ရဲဘော် ရဲဘော်လိုချင်တဲ့ လွတ်လပ်လုံခြုံတဲ့ ပြည်သူ့ ဘဝတွေဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်ရဲဘော်။ကောင်းရာ ဘုံဘဝ သေချာပေါက်ကြိုနေမှာပါ”ဟု ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၃နာရီ ၃၃မိနစ်ခန့်က
ကန့်ဒေါင့်ရဲစခန်းအား အောင်ဆန်းတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့၊ PRA ၊ ပုဏ္ဏကတပ်ဖွဲ့၊ Pale Joker တပ်ဖွဲ့ တို့စုပေါင်းထားသော မဟာမိတ်တပ်ပေါင်းစုသည်ဝေဟင်မှ တိုက်ခိုက်ခြင်းနှင့် မြေပြင်လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ တရစပ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့