Connect with us

Hi, what are you looking for?

News

ဘုံဆုံးဖြတ်ချက် ၅ရပ် တိုးတက်မှုမရှိပါက မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးများတွင် မဖိတ်ကြားရန် စင်ကာပူဝန်ကြီးချုပ်ဆန္ဒရှိ

ကမ္ဘောဒီးယားသည် ယခုနှစ် အာဆီယံ၏အလှည့်ကျဥက္ကဌဖြစ်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်က ဇန်နဝါရီ ၇ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။

ဓာတ်ပုံ - CNA

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ဘုံဆုံးဖြတ် ချက် ၅ရပ်မှာ တိုးတက်မှုမရှိသေးကြောင်းနှင့် တိုးတက် မှုမရှိပါက လာမည့်အာဆီယံထိပ်သီးညီလာခံတွင် မင်းအောင်လှိုင်ကို ချန်လှပ်သည့် အာဆီယံ၏ဆုံးဖြတ်ချက်ကို ဆက်လက်ကျင့်သုံးသင့်ကြောင်း စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်းက ပြောကြားသည်။

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့သည် ဇန်နဝါရီ ၁၄ရက်တွင် အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့ပြီး မြန်မာ့အရေးကို ထည့် သွင်းပြောကြားခြင်းဖြစ် သည်။

“ဘုံဆုံးဖြတ်ချက် ၅ရပ်အကောင်အထည်ဖော်မှု တိုးတက်မှုမရှိမချင်း အာဆီယံအစည်းအဝေးတွေကို မြန်မာနိုင်ငံက non-political representative ဖိတ်ကြားဖို့ (၃၈) ကြိမ် နဲ့ (၃၉) ကြိမ်ညီလာခံတွေမှာ ဆုံးဖြတ်ချက်ခဲ့တဲ့အတိုင်း အာဆီယံက ထိန်းသိမ်းထားသင့်တယ်ဆိုတဲ့ အမြင်ကို ဝန်ကြီးချုပ်လီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၅ ရက်)ထုတ်ပြန်သည်။

အထက်ပါတွေ့ဆုံမှုတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းတို့၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဌအနေဖြင့် လုပ်ဆောင်မည့် အစီအစဉ်များကို စင်ကာပူဝန် ကြီးချုပ်ကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားသည် ယခုနှစ် အာဆီယံ၏အလှည့်ကျဥက္ကဌဖြစ်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်က ဇန်နဝါရီ ၇ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုကို မြန်မာပြည်သူများနှင့် ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက် ထားပြီး အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပေးရန် ဟွန်ဆန်က ကြိုးပမ်းနေသည်ဟု သုံးသပ်ကြသည်။

ဟွန်ဆန်ကိုယ်တိုင်ကလည်း မင်းအောင်လှိုင်အနေဖြင့် အာဆီယံထိပ်သီးညီလာခံသို့ ပြန်လည်တက် ရောက်ခွင့်ရသင့်ကြောင်း၊ အာဆီယံမိသားစုနိုင်ငံ တစ်နိုင်ငံကို ဘေးဖယ်မထားသင့်ကြောင်း ပြောဆိုထားသည်။

သို့သော် ဟွန်ဆန်၏နေပြည်တော်ခရီးစဉ်မတိုင်မီ အင်ဒိုနီးရှားသမ္မတက အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ရာ ဘုံဆုံးဖြတ်ချက် ၅ရပ်ကို အကောင်အထည်ဖော်မှုသိသာထင်ရှားသည့်တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများတွင် မြန်မာသည် နိုင်ငံရေးနှင့်သက်ဆိုင်ခြင်းမရှိသူ(non-political) အဆင့်သာ ကိုယ်စားပြုခွင့်ရရှိမည်ဟု ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်သည် တစ်ဦးတည်းဆန္ဒဖြင့်သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ခရီးစဉ်မတိုင်ခင် အာဆီယံခေါင်းဆောင်များ၏ အကြံ ပြုချက်ရယူသင့်ကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။