Connect with us

Hi, what are you looking for?

News

တီးတိန်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ၍ ​​လေယာဥ်ပစ်ကူသုံး၊ ​ဒေသခံကာကွယ်​ရေးအဖွဲ့ ခုနစ်ဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့​သော်လည်း ချင်းတောင်တွင် မိုးရွာပြီးမြူများဆိုင်းနေ​သောကြောင့် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များ စိတ်တိုင်းကျဲ ဗုံးမကျဲနိုင်ပြန်လှည့်ပြန်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကလေး-သိုင်းငင်းလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အကျအရှုံးများလာ၍လက်နက်ကြီးနှင့် လေကြောင်းပစ်ကူယူကာ တိုက်ခိုက်နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDM- Siyin အဖွဲ့က သတင်းထုတ်ပြန်သည်။

အထိနာနေသည့် အကြမ်းဖက်စစ်ကောင်တပ်များက ယနေ့ နံနက် ၁၀ နာရီမှစ၍ ကလေးတက္ကသိုလ်အတွင်းမှ လက်နက်ကြီးများဖြင့်ပစ်ကူ​ပေးပြီး ၊တိုက်လေယာဉ်နှစ်စင်းဖြင့်ပါ ဗုံးများဆက်တိုက်ကျဲသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့​သော်လည်း ချင်းတောင်တွင် မိုးရွာပြီးမြူများဆိုင်းနေ​သောကြောင့် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များ စိတ်တိုင်းကျဲ ဗုံးမကျဲနိုင်ပြန်လှည့်ပြန်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လေယာဉ်တွေနဲ့ ပစ်တာ အသံအကျယ်ကြီးကြားနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှ​သေဆုံး၊ဒဏ်ရာရရှိမှုများသော်လည်း အ​ရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း CDM- Siyinကဆိုသည်။ ယ​နေ့တိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ ​သေဆုံးသွားသူ ၂ ဦး၏ ရုပ်အ​လောင်းကို ဆွဲယူသွား​ကြောင်းလည်း​ဒေသခံများထံမှ သိ့ရသည်။ထို့အပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရရှိထား​ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေးမြို့မှ ချင်းတောင်ဘက်ကို တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို တီးတိန်မြို့နယ်၊ ဟိန်ဇန်‌ရွာအလွန်တွင် ဒေသခံကာကွယ်ရေးတပ်များက ဇန်နဝါရီ ၁၃ ရက်မှစ၍ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

လက်ရှိတွင် ကလေးမြို့မှ ချင်းတောင်ကိုသွားသည် ၉မိုင်တွင် ခရီးသွားပြည်သူများ ပိတ်မိနေပြီး ဒေသခံများက ကူညီပေးနေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဒေသခံကာကွယ်ရေးတပ်များက ကလေးနှင့်ချင်းတောင်ကြားကို ခရီးမသွားကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။