အလုံမြို့နယ် ထော်လီကွေ့အနီးရှိ ထူးဓာတ်ဆီဆိုင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက် ၄ နာရီခန့်က ထူးဓာတ်ဆီဆိုင် ပတ်ဝန်းကျင်မှ ပေါက်ကွဲသံ နှစ်ကြိမ်ကြားရကြောင်း ရပ်ကွက်နေသူ အချို့ဆိုသည်။

“အုန်း ဆိုတဲ့အသံ နှစ်ကြိမ် ပြီးတော့ ၁၅ မိနစ် လောက်နေတော့ မီးသတ်ကားသံတွေ ထပ်ကြားရတာ”ဟု စောရန်ပိုင် (အနောက်ရပ်ကွက်)နေသူတစ်ဦးက ပြောသည်။
မီးလောင်မှုကို ယနေ့နံနက် ၄ နာရီခွဲ၌ မီးငြိမ်းနိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။(ထူးဓာတ်ဆီဆိုင်ဖြစ်ကြောင်း မဖော်ပြ)

Public Service Announcement

ပေါက်ကွဲ မီးလောင်ကျွမ်းရသည့် ထူးဓာတ်ဆီဆိုင်ဖြစ်စဥ် ကို မီးသတ်တပ်ဖွဲ့ထံ လူထုနွေဦးက မေးမြန်းရာတွင် ပြန်လည် ဖြေကြားသူမရှိခဲ့ပေ။


















































