Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ် ဆင်တလည်ရွာကို စစ်​အုပ်စုကမီးရှို့ဖျက်ဆီးရာ ​နေအိမ် ၇၀နီးပါးမီး​လောင်ဆုံးရှုံး

ဝင်ရောက်လာသည့် စစ်​ကောင်စီတ​ပ်နှင့်အတူ ငွေတွင်းရွာနှင့် သလဲဘာကျေးရွာတဝိုက်မှ ဒေသခံပျူစောထီးများလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆင်တလည်ရွာ
ဆင်တလည်ရွာ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ဆင်တလည်ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ​နေအိမ် ၇၀နီးပါး မီး​လောင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၃ ရက်) နံနက် ၁၀နာရီခန့်က အရာတော်မြို့နယ်ရှိ ဆင်တလည်ရွာအား စစ်​ကောင်စီတပ်နှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ရွာသူ၊ရွာသားများ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။

ဝင်ရောက်လာသည့် စစ်​ကောင်စီတ​ပ်နှင့်အတူ ငွေတွင်းရွာနှင့် သလဲဘာကျေးရွာတဝိုက်မှ ဒေသခံပျူစောထီးများလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

​ကျေးရွာကိုဝင်ရောက်စီးနင်းပြီး မီးပတ်ရှို့ခဲ့ရာ ဆင်တလည်ရွာအဝင်လမ်းဝဲယာမှစ၍ နေအိမ် ၅၀ခန့် ပြာကျခဲ့ကာ စုစုပေါင်းနေအိမ် ၇၀ နီးပါးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသတွင်း အရာတော်ပို့စ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က အရာတော်မြို့နယ်၊ နွားမသင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာအနီးတောခြေရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဖျက်ဆီးသွားခဲ့ကာ ကာကွယ်ရေးရဲဘော်တစ်ဦးကို သတ်ဖြတ်သွားခဲ့သည်။

ထိုနေ့ကပင် စစ်​ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် ရွာခံစစ်တပ်သတင်းပေးဟု နာမည်ကြီးသူတစ်ဦး ရှင်းလင်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်