Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်မြို့နယ် ဆင်တလည်ရွာကို စစ်​အုပ်စုကမီးရှို့ဖျက်ဆီးရာ ​နေအိမ် ၇၀နီးပါးမီး​လောင်ဆုံးရှုံး

ဝင်ရောက်လာသည့် စစ်​ကောင်စီတ​ပ်နှင့်အတူ ငွေတွင်းရွာနှင့် သလဲဘာကျေးရွာတဝိုက်မှ ဒေသခံပျူစောထီးများလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆင်တလည်ရွာ
ဆင်တလည်ရွာ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ဆင်တလည်ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ​နေအိမ် ၇၀နီးပါး မီး​လောင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၃ ရက်) နံနက် ၁၀နာရီခန့်က အရာတော်မြို့နယ်ရှိ ဆင်တလည်ရွာအား စစ်​ကောင်စီတပ်နှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ရွာသူ၊ရွာသားများ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။

ဝင်ရောက်လာသည့် စစ်​ကောင်စီတ​ပ်နှင့်အတူ ငွေတွင်းရွာနှင့် သလဲဘာကျေးရွာတဝိုက်မှ ဒေသခံပျူစောထီးများလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

​ကျေးရွာကိုဝင်ရောက်စီးနင်းပြီး မီးပတ်ရှို့ခဲ့ရာ ဆင်တလည်ရွာအဝင်လမ်းဝဲယာမှစ၍ နေအိမ် ၅၀ခန့် ပြာကျခဲ့ကာ စုစုပေါင်းနေအိမ် ၇၀ နီးပါးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသတွင်း အရာတော်ပို့စ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က အရာတော်မြို့နယ်၊ နွားမသင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာအနီးတောခြေရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဖျက်ဆီးသွားခဲ့ကာ ကာကွယ်ရေးရဲဘော်တစ်ဦးကို သတ်ဖြတ်သွားခဲ့သည်။

ထိုနေ့ကပင် စစ်​ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် ရွာခံစစ်တပ်သတင်းပေးဟု နာမည်ကြီးသူတစ်ဦး ရှင်းလင်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။