Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တို့၌ အစိုးရမြေရောင်းချခြင်းနှင့် ဂရံထုတ်ပေးခြင်းများ တရားမဝင်ဟု NUG သတိ​ပေး

အကြမ်းဖက်စစ်ကောင်စီသည် လူထူထံမှ အာဏာကို မတရားနည်းလမ်းဖြင့် အာဏာသိမ်းထားသော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း အကြမ်းဖက်အဖွဲ့အစည်းဖြင့် ကြေညာထားပြီးဖြစ်သည်ဟု NUGက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းထားသည့် ကာလအတွင်း ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် စည်ပင် သာယာရေးကော်မတီများက မြေရောင်းချခြင်းနှင့် ဂရံထုတ်ပေးခြင်းများမှာ တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ယနေ့ထုတ်ပြန်လိုက်သည်။

အစိုးရပိုင် မြေအရောင်းအဝယ် ကိစ္စရပ်များသည် တရားဝင်မှုလုံးဝမရှိသော ဆောင်ရွက်ချက်သာဖြစ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိသည့် အချိန်တွင် ထိုမြေများကို ပြည်သူပိုင်မြေအဖြစ် သိမ်းယူကာ ဝယ်ယူ၊ ရောင်းချသူများနှင့် ပူပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု NUGကသတိ​ပေးသည်။

အကြမ်းဖက်စစ်ကောင်စီသည် လူထူထံမှ အာဏာကို မတရားနည်းလမ်းဖြင့် အာဏာသိမ်းထားသော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း အကြမ်းဖက်အဖွဲ့အစည်းဖြင့် ကြေညာထားပြီးဖြစ်သည်ဟု NUGက ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂအပါအဝင် မည့်သည့်နိုင်ငံကမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းလည်းမရှိဟု ဆိုထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စည်ပင် သာယာရေးကော်မတီများသည် စည်ပင်သာယာ ပိုင်မြေများကို ရောင်းချခြင်း၊ ဂရံဖောက်ခြင်းများဆောင်ရွက်နေသည်။ နိုင်ငံသားများအတွက် ကိုယ်စားပြုခြင်းမရှိသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းများက ထိုမြေများကို စီမံခန့်ခွဲရောင်းချပိုင်ခွင့်မရှိကြောင်း NUGက ဆိုထားသည်။

ထိုသို့ ရောင်းချမှုများကို ဝယ်ယူထားပါကလည်း ပြည်သူ့အာဏာပြန်ရချိန်တွင် ပြန်လည်သိမ်းယူရာ ဝယ်ယူ၊ရောင်းချသူများကို ဥပဒေအရ အရေးယူသွားမည်ဟု NUGက သတိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။