Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးမှုဖိတ်ခေါ်ချက်ကို ကြိုဆိုကြောင်း RCSSထုတ်ပြန်

စစ်တပ်အာဏာသိမ်းသည့် နေ့၌ပင် အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာခဲ့သည့် RCSSသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အပြင် ယခုအခါ စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေးရန် သဘောထားရှိကြောင်း ထုတ်ပြန်ခဲ့သည်။

RCSSဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၏ စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြောဆိုချက်များ ပြောင်းလဲသွား

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်ကို ကြိုဆိုကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

စစ်တပ်အာဏာသိမ်းသည့် နေ့၌ပင် အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာခဲ့သည့် RCSSသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အပြင် ယခုအခါ စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေးရန် သဘောထားရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်ပင် ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည့် RCSS၏ တတိယအကြိမ် ကွန်ကရက်၏ ထုတ်ပြန်ချက်တွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ရည်မှန်းပါက ကြိုဆိုသည်”ဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် အာဏာသိမ်းစက RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် အပါအဝင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်တပ် ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ဖေဖော်ဝါရီ ၂၀ရက် ကြေညာချက်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည်ဟု ဖော်ပြခဲ့ပြီး တစ်နှစ်ခံ အကြာတွင် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် RCSS၏ လေသံပြောင်းသွားပြီဖြစ်သည်။

မတ်လ ၁၁ရက် PPST အစည်းအဝေးတွင်လည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြည်သူများနှင့်အတူ ရပ်တည်ပြီး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးခြင်းများ ရပ်ဆိုင်းထားခြင်း ဆုံးဖြတ်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် စစ်ကောင်စီသည် NCA စာချုပ်ကိုပြောင်ပြောင်တင်းတင်း အတိအလင်း ချိုးဖောက်ပြီး NCAကို မျက်ကွယ်ပြု ထင်ရာဆိုင်းနေကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့သည်။

သို့ရာတွင် RCSS အနေဖြင့် စစ်ကောင်စီကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲတစ်ကြိမ်မျှမရှိခဲ့​ပေ။ တစ်ဖက်တွင် အခြားရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်​သော SSPPနှင့်သာ မကြာခဏတိုက်ပွဲဖြစ်​နေသည်။ စစ်​ကောင်စီကို မတိုက်ခဲ့ဘူး​သော်လည်းယခုအခါ စစ်ကောင်စီ၏ နိုင်ငံရေးဆွေနွေးခြင်း ဖိတ်ခေါ်ချက်ကို ကြိုဆိုသည်ဟု ထုတ်ပြန်ခဲ့ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် ကို အဓိက ခုခံတိုက်ခိုက်နေသည့် အဖွဲ့များမှာ ကရင်(KNU)၊ ကချင်(KIO/KIA)၊ ကရင်နီ(KNPP)၊ ချင်း(CNF)၊ ကိုးကန့်(MNDAA) တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။