Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ် လက်ယက်မစံပြ​ကျေးရွာတွင် စစ်​ကောင်စီတပ် ဝင်​ရောက်ဖျက်ဆီး၊ ပြည်သူ သုံးဦးကို သတ်ဖြတ်မီးရှို့

ကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီ၁၄ ရက်က ထွက်ခွာသွားခဲ့ပြီး ရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခက်ထားခြင်းများလည်း တွေ့ရှိရကြောင်းဒေသခံများက ​ပြောသည်။

(ဓါတ်ပုံ-လက်ယက်မကျေးရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်)

မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မစံပြကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးသွားပြီး မီးရှို့ထားသည့်ရုပ်အလောင်း သုံးလောင်းအား တွေ့ရှိရကြောင်း ဒေသခံများက ​ပြောသည်။

မြိုင်မြို့ နယ်၊လက်ယက်မစံပြကျေးရွာကိုဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းတပ်စွဲခဲ့၍ ဒေသခံများထွက်​ပြေးတိမ်းရှောင်ခဲ့ရသည်။

(ဓါတ်ပုံ-လက်ယက်မကျေးရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် လူနေအိမ်အချို့အား ဝင်ရောက် ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများအား သိမ်းယူခြင်း၊ ဘုန်းကြီးကျောင်းများ၌ တိမ်းရှောင်နေသော ပြည်သူများအား ဖမ်းဆီး နှိပ်စက် ခြင်းများ ပြုလုပ်ခဲ့သည်။ထို့အပြင် မီးရှို့ထားသော ရုပ်အလောင်း ၃ လောင်းအားတွေ့ရှိရပြီးမည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီ၁၄ ရက်က ထွက်ခွာသွားခဲ့ပြီး ရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခက်ထားခြင်းများလည်း တွေ့ရှိရကြောင်းဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ ၉ရက်နေ့မှ စတင်ကာ မြိုင်မြို့နယ်နေရာအနှံ့အပြားအား အင်အားအများအပြားသုံး၍ ကျေးရွာများအား ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း၊ လုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများပြုလုပ်နေသည်။

ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက လက်ယက်မကျေးရွာနှင့် ကန်နီရွာကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခုနှစ်ဦးခန့် သေဆုံးခဲ့သည်။

ဇန်နဝါရီလ ၁၆ရက် နံနက် ၉ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ်အနောက်ပိုင်းရှိ သဒွတ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၅လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်ကြောင့် မြိုင်နယ်အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာအများစုမှ ပြည်သူထောင်ကျော်သည် ဘေးလွတ်ရွာ ကျေးရွာများ၊ တောတောင်များတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။