Connect with us

Hi, what are you looking for?

LuduNwayOo

News

မြိုင်မြို့နယ် လက်ယက်မစံပြ​ကျေးရွာတွင် စစ်​ကောင်စီတပ် ဝင်​ရောက်ဖျက်ဆီး၊ ပြည်သူ သုံးဦးကို သတ်ဖြတ်မီးရှို့

ကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီ၁၄ ရက်က ထွက်ခွာသွားခဲ့ပြီး ရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခက်ထားခြင်းများလည်း တွေ့ရှိရကြောင်းဒေသခံများက ​ပြောသည်။

(ဓါတ်ပုံ-လက်ယက်မကျေးရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်)

မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မစံပြကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးသွားပြီး မီးရှို့ထားသည့်ရုပ်အလောင်း သုံးလောင်းအား တွေ့ရှိရကြောင်း ဒေသခံများက ​ပြောသည်။

မြိုင်မြို့ နယ်၊လက်ယက်မစံပြကျေးရွာကိုဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းတပ်စွဲခဲ့၍ ဒေသခံများထွက်​ပြေးတိမ်းရှောင်ခဲ့ရသည်။

(ဓါတ်ပုံ-လက်ယက်မကျေးရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် လူနေအိမ်အချို့အား ဝင်ရောက် ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများအား သိမ်းယူခြင်း၊ ဘုန်းကြီးကျောင်းများ၌ တိမ်းရှောင်နေသော ပြည်သူများအား ဖမ်းဆီး နှိပ်စက် ခြင်းများ ပြုလုပ်ခဲ့သည်။ထို့အပြင် မီးရှို့ထားသော ရုပ်အလောင်း ၃ လောင်းအားတွေ့ရှိရပြီးမည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီ၁၄ ရက်က ထွက်ခွာသွားခဲ့ပြီး ရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခက်ထားခြင်းများလည်း တွေ့ရှိရကြောင်းဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ ၉ရက်နေ့မှ စတင်ကာ မြိုင်မြို့နယ်နေရာအနှံ့အပြားအား အင်အားအများအပြားသုံး၍ ကျေးရွာများအား ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း၊ လုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများပြုလုပ်နေသည်။

ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက လက်ယက်မကျေးရွာနှင့် ကန်နီရွာကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခုနှစ်ဦးခန့် သေဆုံးခဲ့သည်။

ဇန်နဝါရီလ ၁၆ရက် နံနက် ၉ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ်အနောက်ပိုင်းရှိ သဒွတ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၅လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်ကြောင့် မြိုင်နယ်အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာအများစုမှ ပြည်သူထောင်ကျော်သည် ဘေးလွတ်ရွာ ကျေးရွာများ၊ တောတောင်များတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။