Connect with us

Hi, what are you looking for?

News

ဇိုတုန်နယ်တွင် ရက်ပိုင်းအတွင်း တိုက်ပွဲ ၁၁ကြိမ်ဖြစ်ရာစစ်​ကောင်စီတပ်သား ၁၈ဥိး​သေဟု CDFထုတ်ပြန်

တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်မှ သေဆုံးသူ ၁၈ ဦးရှိကာ အများအပြားဒဏ်ရာရရှိသူများလည်း ရှိပြီး CDF-ZOTUNG မှ ကျဆုံးသူတစ်ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရှိသည်။

ချင်းပြည်နယ် ဇိုတုန်နယ်အတွင်း စစ်ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အကြိမ် ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၈ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု CDF-ZOTUNG က ယနေ့(ဇန်နဝါရီ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

ယခုဇန်နဝါရီ ၈ ရက်ကစ၍ မတူပီမြို့မှ စတင်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်သည် ဇိုတုန်နယ်အတွင်း ဝင်ရောက်လာခဲ့သည်ဟု CDF-ZOTUNG က ဆိုသည်။

ထို့ကြောင့် ဇန်နဝါရီ ၉ ရက်ကစ၍ ဇိုတုန်နယ်အတွင်းရှိ ဟုန်းလေးကျေးရွာ နှင့် ရမ်ဆိုင်း ကျေးရွာ တို့တွင် ခုခံတိုက်ပွဲများဖြစ်ရာ ဇန်နဝါရီ ၁၈ရက်အထိ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ခဲ့သည်။

တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်မှ သေဆုံးသူ ၁၈ ဦးရှိကာ အများအပြားဒဏ်ရာရရှိသူများလည်း ရှိပြီး CDF-ZOTUNG မှ ကျဆုံးသူတစ်ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရှိသည်။

Public Service Announcement

Public Service Announcement

“အလုံးအရင်းနဲ့ကို ထိုးလာနေတာ။ဒါကြောင့် ကျွန်တော်တို့လည်း သူတို့ထိုးစစ်ကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ စုပေါင်း တိုက်နေတယ်။ရှေ့လာမယ့် ရက်တွေမှာလည်း ဒီထက်ပို တိုက်ပွဲတွေအများအပြါးရှိလာနိုင်တယ်။ကျွန်တော်တို့အနေနဲ့ဘနောက်ဆုတ်မှာ မဟုတ်ဘူး”ဟု CDF ဇိုတုန်၏ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇိုတုန်နယ် အတွင်း လူနေအိမ်များ နှင့် ဆိုင်ကယ်များ ကို ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဇိုတုန်နယ်အတွင်းရှိ ပြည်သူ ၃,၀၀၀ ကျော်မှာ ထွက်ပြေးတိမ်ရှောင်နေရပြီး ၄၀၀ ကျော်သော ပြည်သူများမှာ နယ်စပ်သို့ ရောက်ရှိနေရသည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook