Connect with us

Hi, what are you looking for?

News

ထိုးစစ်ဆင်ရန် ချဉ်းကပ်လာသည့် စစ်ကောင်စီတပ်ကို ဦးစွာတိုက်ခိုက်ခဲ့ဟု MNDAA ထုတ်ပြန်

စစ်ကောင်စီတပ်အနေဖြင့် ဇန်နဝါရီ ၁၆ရက် နှင့်၁၇ရက် တို့တွင် မုံးကိုးခရိုင်ရှိ MNDAA တပ်စခန်းများကို လက်နက်ကြီး ၊စက်သေနတ်၊ စနိုက်ပါတို့ဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MNDAAက ဆိုသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာ သိမ်းစစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၇ရက်တွင် မုံးကိုးခရိုင်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၇ရက်မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ကင်းလှည့်စစ်ကြောင်းတစ်ခုသည် မုံးကိုးခရိုင် ပန်ရင်လပ ရှိ MNDAA တပ်စခန်းကို ထိုးစစ်ဆင်ရန် ချဉ်းကပ်လာရာ MNDAAက ၎င်းတို့၏ လှုပ်ရှားမှုကို တွေ့ရှိပြီး ဦးစွာ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားလသည်။

အဆိုပါ တိုက်ပွဲမှာ မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး MNDAA ဘက်က ထိခိုက်ကဆုံးမှုမရှိကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု အခြေအနေကိုအတိအကျ မသိရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်အနေဖြင့် ဇန်နဝါရီ ၁၆ရက် နှင့်၁၇ရက် တို့တွင် မုံးကိုးခရိုင်ရှိ MNDAA တပ်စခန်းများကို လက်နက်ကြီး ၊စက်သေနတ်၊ စနိုက်ပါတို့ဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MNDAAက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။