Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနှင့် မုံရွာတွင် ​ယ​နေ့ဗုံးများပေါက်ကွဲ

“ဗုံးနဲ့အပစ်ခံရတဲ့ ချင်းစုမီးပွိုင့်မှာဆို ပြည်သူတွေကိုဒူးထောက်ခိုင်းထားပြီးစစ်တာ။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မုံရွာမြို့များတွင် ယ​နေ့ စစ်​ကောင်စီတပ် ရှိ​သော​နေရာများအနီး ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၉ရက်)နေ့လယ် ၁၂ နာရီခန့်က စစ်ကိုင်းမြို့တွင်း ချင်းစုမီးပွိုင့်ထောင့်တွင်စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဗုံးဖြင့်ပစ်ခတ်ခံရကြောင်း၊ ညနေ ၆ နာရီ ဝန်းကျင်က စစ်ကိုင်း စည်ပင်ရုံးအနီး၌ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းဒေသခံများက ပြောသည်။

“ဗုံးနဲ့အပစ်ခံရတဲ့ ချင်းစုမီးပွိုင့်မှာဆို ပြည်သူတွေကိုဒူးထောက်ခိုင်းထားပြီးစစ်တာ။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

အလားတူ မုံရွာမြို့တွင်လည်း ယနေ့ နံနက် ၁၁ နာရီခန့်က စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိ​သောဘိုးဘွားရိပ်သာလမ်းတွင် ၂ လုံး၊ စက်မှုစခန်းတွင် ၁ လုံး၊ စက်မှုခန်းမတွင် ၂ လုံး၊ မြို့ပတ်လမ်း ၁ လုံး တို့အသီးသီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ညနေ ၅ နာရီနောက်ပိုင်းတွင်လည်း မိုးကောင်းလမ်းတွင် ၃ လုံး၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ် ၁ လုံး၊ ဇရပ်ဝိုင်း KFCဆိုင်အနီး ၁ လုံး၊ နာရီစင်အနီး ၁ လုံး၊ ချင်းတွင်းမြင့်ဟိုတယ်အနီး ၁ လုံး၊ ဆည်မြောင်းရုံးအနီး ၁ လုံး၊ စီးပွားရေးဘဏ်အနီး ၁ လုံး၊ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပျောက်ကြားအဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ရဲဘော်များလုံခြုံရေးအခြေအနေအရ စောင့်ကြည့်နိုင်ခြင်းမရှိကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်၎င်းတို့၏ထောက်တိုင်များနှင့်ဝေးရာနေရာများတွင် နေထိုင်ကြရန် မြို့ပြပျောက်ကြားအဖွဲ့များက ပြောသည်။

မုံရွာပေါက်ကွဲမှုဖြစ်စဥ်များအား Monywa NightKing၊ AFC Monywaနှင့် Monywa Ninja အဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်​ကြောင်းပြည်သူကိုအသိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။