Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းPDFမှ တပ်သားသစ်များခေါ်ယူ

“သပိတ်ကျင်းမြို့နယ်သားများသာ ခေါ်ယူတာပါဗျ။ NUG တပ်မတော်အတွက် PDF တပ်သားများကို ကျွန်တော်တို့ကတော့ အမြဲခေါ်နေမှာပါ”ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်မတော်မှ တာဝန်ခံဖြစ်သူက လူထုနွေဦးသို့ ပြောသည်။

(သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်)

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ PDF တပ်သားသစ်များခေါ်ယူလျက်ရှိကြောင်း ယနေ့ (ဇန်နဝါရီ ၂၁)ထုတ်ပြန်သည်။

တပ်သားသစ်များခေါ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၇)ချက်သတ်မှတ်ထားပြီး ယင်းတို့အနက် ရဲဘော်သစ်များနေရပ်မပြန်ရ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပုဂ္ဂိုလ်စွဲ ဒေသစွဲမထားဘဲ တိုင်းပြည်နှင့် လူမျိုးအကျိုးဦးစားပေး၍ တော်လှန်ရေးအောင်မြင်သည်အထိ တာဝန်ထမ်းဆောင်လိုသူ စသည့်အချက်များ ပါဝင်သည်။

“သပိတ်ကျင်းမြို့နယ်သားများသာ ခေါ်ယူတာပါဗျ။ NUG တပ်မတော်အတွက် PDF တပ်သားများကို ကျွန်တော်တို့ကတော့ အမြဲခေါ်နေမှာပါ”ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်မတော်မှ တာဝန်ခံဖြစ်သူက လူထုနွေဦးသို့ ပြောသည်။

အခြေခံစစ်သင်တန်း တက်ရောက်ရန် လာရောက်မည့် ရဲဘော်သစ်များတွင် သမီးရည်းစားစုံတွဲများပါဝင်ပါက အတူနေထိုင်ခွင့်မပြုသကဲ့သို့ သတ်မှတ်စည်းကမ်းချက်များအား တပ်ရင်းစုဖွဲ့မှုသို့ လာရောက်မည့် ရဲဘော်သစ်များအား အသိပေးရမည်ဖြစ်ကာ ရဲဘော်သစ်များလည်း လိုက်နာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ခေါ်ယူစုစောင်းမည့် ရဲဘော်သစ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်၌ တာဝန်ထမ်းဆောင်ကြရမည်ဟု ထုတ်ပြန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

Facebook