ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရန်ပုံငွေရှာတဲ့အနေနဲ့ နွေဦးရဲ့ ခြည်လုံးလေး အစီအစဥ်ကို သရုပ်ဆောင်ပိုင်ဖြိုးသုက စတင်ခဲ့ပါတယ်။
“နွေဦးရဲ့ခြည်လုံးလေး လုပ်ဖြစ်တာက ကိုဗစ်တတိယလှိုင်းတုန်းန်းကလို ပြည်သူတွေအသက်ဆုံးရှုံးရမှာ ကြောက်တယ်။ သူများနိုင်ငံတွေမှာ Booster Dose တောင်ထိုးပြီးတဲ့အချိန် သုတို့ဆီမှာက 1st Dose တောင်မထိုးရသေးတဲ့ သူတွေအများကြီးပဲ။ အထူးသဖြင့် စစ်ကောင်စီက လက်နက်နဲ့ အကြမ်းဖက်ပြီးတော့ ဖိနှပ်မှုခံနေရတဲ့ ဒေသတွေ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ဒေသတွေမှာ စစ်ရှောင်နေရတဲ့ ပြည်သူအများအပြားဟာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးဘူး။ နောက်တစ်ခါ စစ်ရှောင်စခန်းတွေမှာက Social Distancing နဲ့နေလို့ရတဲ့နေရာမဟုတ်ဘူး ။ လူတွေထောင်နဲ့ချီပြီး စုနေကြရတာ။ အဲဒါကြောင့် သုတို့ရဲ့စစ်ဘေးရှောင် တွေကြားမှာ ကိုဗစ် စတုတ္ထလှိုင်းဖြစ်ရင်ဆိုတဲ့ စိုးရိမ်စိတ်ဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်မယ်။ Fund ရှာမယ်ဆိုပြီးလုပိဖြစ်တာ” လို့ နွေဦးရဲ့ ခြည်လုံးလေး အစီအစဥ်နဲ့ပတ်သက်လို့ ပိုင်ဖြိုးသုကပြောပြောပြပါတယ်။
အဲဒီအစီအစဥ်အတွက် သူကိုယ်တိုင်ထိုးထားတဲ့ ဈေးဝယ်အိတ်သုံးလုံးကို မဲဖောက်ပေးမှာဖြစ်ပြီးတော့ ကံစမ်းမဲလက်မှတ်တစ်စောင်ကို ငါးထောင်ကျပ်၊ Crypto currency နဲ့ဝယ်မယ်ဆိုရင် လက်မှတ်တစ်စောင် 3 USDT နဲ့ ဝယ်ယူပါဝင်နိုင်မှာဖြစ်ပါတယ်။
ဒီအစီအစဥ်အတွက် CRPH-OFP Fundraising Program နဲ့CDM Medical Network တို့က ဦးဆောင်စီစဥ်ပေးပြီး ကံစမ်းမဲလက်မှတ်တွေကို ဇန်နဝါရီ ၂၁ ကနေ ၂၈ အထိဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Public Service Announcement
ပိုင်ဖြိုးသုက သူကိုယ်တိုင်ထိုးထားတဲ့ Crochet cardigan နဲ့ ခေါင်းစီးကြိုးကိုလည်း မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ဦးအတွက် လက်ဆောင်ပို့ပေးခဲ့ဖူးပါတယ်။
တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ အစီအစဥ်မှာလည်း သူကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာတစ်ထည်ကိုမဲဖောက်ပေးခဲ့ဖူးပါတယ်။


















































