Connect with us

Hi, what are you looking for?

News

က​လေး-သိုင်းငင်းလမ်းရွာတစ်ရွာတွင်တပ်စွဲ​နေ​သောစစ်​ကောင်စီတပ်ကို PDFများတိုက်ခိုက် စစ်သား၁၅ ဦးထက်မနည်း​သေပြီး အများအပြားဒဏ်ရာရ

မိဘပြည်သူများအ​နေဖြင့် ကာကွယ်​ရေးတပ်ဖွဲ့များ၏ အသိ​ပေး​ကြေညာချက်များ ၊ သတိ​​ပေးပန်ကြားချက်များကို အထူး​လေးစားလိုက်နာ​ပေးပါရန်နှင့် ကိုယ်အားဖြင့်​သော်လည်း​ကောင်း စိတ်အားဖြင့်​သော်လည်း​ကောင်း သတိရကူညီဆု​တောင်း​ပေးကြပါရန်လည်း Zomi PDFက မေတ္တာရပ်ခံထားသည်။

က​လေး-သိုင်းငင်းလမ်းပိုင်းမှ ရွာတစ်ရွာတွင်တပ်စွဲထားသောအကြမ်းဖမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားသည်ဟု Zomi PDFက ယ​နေ့သတင်းထုတ်ပြန်သည်။

ကလေးမြို့နှင့် ချင်းပြည်နယ်ဆက်သွယ်ထားသော က​လေး-သိုင်းငင်းလမ်းအတိုင်းတက်လာပြီး ဟိန်ဇိန်ရွာတွင်တပ်စွဲနေသောစစ်ကောင်စီတပ်ကို ယ​​နေ့(ဇန်နဝါရီ ၂၁)နံနက် တစ်နာရီ၄၅မိနစ်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဟု Zomi PDFက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းတိုက်ပွဲကို Zomi PDF (NUG-PDF က​လေးခရိုင် တပ်ရင်း ၈) အဖွဲ့နှင့် က​လေး-ချင်းပြည်နယ်​ဒေသရှိ ညီ​နောင်မဟာမိတ်ကာကွယ်​ရေးတပ်ဖွဲ့များဖြစ်​သော CDM Siyin, PDF Zoland, CNA, Kalay PDF တပ်ရင်း (၃)နှင့်(၉), PDA, Zongam Army, CDF-KKG တို့ ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိဘပြည်သူများအ​နေဖြင့် ကာကွယ်​ရေးတပ်ဖွဲ့များ၏ အသိ​ပေး​ကြေညာချက်များ ၊ သတိ​​ပေးပန်ကြားချက်များကို အထူး​လေးစားလိုက်နာ​ပေးပါရန်နှင့် ကိုယ်အားဖြင့်​သော်လည်း​ကောင်း စိတ်အားဖြင့်​သော်လည်း​ကောင်း သတိရကူညီဆု​တောင်း​ပေးကြပါရန်လည်း Zomi PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။