Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေး-သိုင်းငင်းလမ်းရွာတစ်ရွာတွင်တပ်စွဲ​နေ​သောစစ်​ကောင်စီတပ်ကို PDFများတိုက်ခိုက် စစ်သား၁၅ ဦးထက်မနည်း​သေပြီး အများအပြားဒဏ်ရာရ

မိဘပြည်သူများအ​နေဖြင့် ကာကွယ်​ရေးတပ်ဖွဲ့များ၏ အသိ​ပေး​ကြေညာချက်များ ၊ သတိ​​ပေးပန်ကြားချက်များကို အထူး​လေးစားလိုက်နာ​ပေးပါရန်နှင့် ကိုယ်အားဖြင့်​သော်လည်း​ကောင်း စိတ်အားဖြင့်​သော်လည်း​ကောင်း သတိရကူညီဆု​တောင်း​ပေးကြပါရန်လည်း Zomi PDFက မေတ္တာရပ်ခံထားသည်။

က​လေး-သိုင်းငင်းလမ်းပိုင်းမှ ရွာတစ်ရွာတွင်တပ်စွဲထားသောအကြမ်းဖမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားသည်ဟု Zomi PDFက ယ​နေ့သတင်းထုတ်ပြန်သည်။

ကလေးမြို့နှင့် ချင်းပြည်နယ်ဆက်သွယ်ထားသော က​လေး-သိုင်းငင်းလမ်းအတိုင်းတက်လာပြီး ဟိန်ဇိန်ရွာတွင်တပ်စွဲနေသောစစ်ကောင်စီတပ်ကို ယ​​နေ့(ဇန်နဝါရီ ၂၁)နံနက် တစ်နာရီ၄၅မိနစ်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဟု Zomi PDFက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းတိုက်ပွဲကို Zomi PDF (NUG-PDF က​လေးခရိုင် တပ်ရင်း ၈) အဖွဲ့နှင့် က​လေး-ချင်းပြည်နယ်​ဒေသရှိ ညီ​နောင်မဟာမိတ်ကာကွယ်​ရေးတပ်ဖွဲ့များဖြစ်​သော CDM Siyin, PDF Zoland, CNA, Kalay PDF တပ်ရင်း (၃)နှင့်(၉), PDA, Zongam Army, CDF-KKG တို့ ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိဘပြည်သူများအ​နေဖြင့် ကာကွယ်​ရေးတပ်ဖွဲ့များ၏ အသိ​ပေး​ကြေညာချက်များ ၊ သတိ​​ပေးပန်ကြားချက်များကို အထူး​လေးစားလိုက်နာ​ပေးပါရန်နှင့် ကိုယ်အားဖြင့်​သော်လည်း​ကောင်း စိတ်အားဖြင့်​သော်လည်း​ကောင်း သတိရကူညီဆု​တောင်း​ပေးကြပါရန်လည်း Zomi PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။