Connect with us

Hi, what are you looking for?

News

လက်နက်အင်အားမမျှ၍ သိုင်းငင်းရွာကို ချင်း​ဒေသကာကွယ်​ရေးတပ်များ​ခေတ္တစွန့်ခွာ

“စစ်ကောင်စီတပ်တွေက အခု သိုင်းငင်းထိရောက်နေလောက်ပါပြီ။ စစ်ကောင်စီဘက်ကတီးတိန်ဘက်ကနေ အင်အား ၈၀ ဝန်းကျင်၊ ဖလမ်းဘက်ကနေ အင်အားများ(သေချာမသိ) နဲ့ ပိတ်ပြီးတိုက်ပါတယ်” ဟု PDF( Zomi)တာဝန်ရှိသူကပြောပြသည်။

●စစ်​ကောင်စီတပ်၄၀ခန့်​သေပြီး ပြည်သူ့ဘက်မှနှစ်ဦးကျဆုံးဟုPDF(Zoland )ထုတ်ပြန်၊ယမန်​နေ့ညတိုက်ပွဲတွင်လည်းစစ်​ကောင်စီတပ် ၁၅ ဦး​သေ

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ ဟိန်ဇိန်ကျေးရွာအနီးယနေ့တိုက်ပွဲတွင်လက်နက် အင်အားမမျှ၍ သိုင်းငင်းရွာကို ခေတ္တစွန့်ခွါရသည်ဟု ချင်းဒေသခံကာကွယ်ရေးတပ်များက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့ဘက်မှ အင်အား ၁၀၀ခန့်ဖြင့် ဟိန်ဇိန်ကျေးရွာအနီးကို စစ်ကြောင်းချီလာရာတွင်သိုင်းငင်းရွာအောက်နားတွင်ရှေ့မတိုးနိူင်​တော့သဖြင့်လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူယူတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ မနက် ၇ နာရီခန့်က စတင်ပြီး ကလေးမြို့ တက္ကသိုလ်ဝင်းထဲမှလက်နက်ကြီးဖြင့် အကြိမ် ၂၀ခန့်ဟိန်ဇိန်ကျေးရွာအနီးတဝှိုက်ကိုပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် နှစ်စီးဖြင့်လည်း လေကြောင်းတိုက်ခိုက်မူများလုပ်ခဲ့သည်ဟု၎င်းတို့ကပြောသည်။

Public Service Announcement

Public Service Announcement

“စပစ်တာ မနက် ၇ နာရီလောက်ကတည်းကပါ။ ညနေ ၅ နာရီလောက်မှာ လက်နက်အင်အား မမျှလို့ တပ်ဆုတ်ပေးလိုက်ရပါတယ်။ ကလေးတက္ကသိုလ်ကျောင်းဝင်းထဲကနေ 122mm လို့ထင်ရတဲ့ လက်နက်ကြီးနဲ့ အကြိမ် ၂၀ နီးပါး ပစ်ပြီး လေကြောင်းနဲ့ပါ တွဲပစ်ပါတယ်” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် PDF( Zomi)တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ထိုအပြင် တီးတိန်တွင်အခြေစိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့မနက်ပိုင်းတွင် တီးတိန်မြို့မှ ကလေးမြို့ဘက်ကို ဆင်းလာပြီး ဒေသခံကာကွယ်ရေးတပ်များကို ကြားညှပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။

“စစ်ကောင်စီတပ်တွေက အခု သိုင်းငင်းထိရောက်နေလောက်ပါပြီ။ စစ်ကောင်စီဘက်ကတီးတိန်ဘက်ကနေ အင်အား ၈၀ ဝန်းကျင်၊ ဖလမ်းဘက်ကနေ အင်အားများ(သေချာမသိ) နဲ့ ပိတ်ပြီးတိုက်ပါတယ်” ဟု PDF( Zomi)တာဝန်ရှိသူကပြောပြသည်။

အကြမ်းဖက်စစ်​​ကောင်စီတပ်များကိုဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDM Siyin ၊ PDF Zoland၊ Kalay PDF 3 ၊ Kalay PDF 8 ၊Kalay PDF 9 ၊ PDA၊Zongam Army၊ CDF KKG-2 တို့က ဇန်နဝါရီ ၁၃ ရက်ကတည်းက ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများကြောင့် ဒေသခံကာကွယ်ရေးတပ်များက သိုင်းငင်းရွာကို​ခေတ္တ စွန့်ခဲ့ရပြီး ဒေသခံပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟု ပြည်သူကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDM(စီးယင်း) ကထုတ်ပြန်ထားသည်။

သို့​သော်PDF (Zoland) ကသတင်းထုတ်ပြန်ရာတွင် ယနေ့ ဟဲန်ဇင်တိုက်ပွဲတွင် အကြမ်းဖက်စကစဖက်မှ ၄၀ ခန့်သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု​ဖော်ပြထားသည်။ သို့​သော် ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရရှိမှုကို အခြားအဖွဲ့ထုတ်ပြန်ချက်များတွင် မပါဝင်ဘဲ ၊People’s Spring ကလည်း သီးခြားအတည်မပြုနိုင်​သေးပါ။ ပြည်သူ့ကာကွယ်​ရေးအဖွဲ့များဘက်မှ မိုင်းကွင်းကိုသွား​ရောက်စစ်​ဆေးရင်း မိုင်းမ​​တော်တဆ ဖြစ်၍ နှစ်ဦးကျဆုံးခဲ့​ကြောင်း​လည်း PDF(Zoland)ကဖော်ပြထားသည်။

ထိုအပြင်ဟိန်ဇိန်ကျေးရွာအနီးတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန့်နေ(ဇန်နဝါရီ ၂၁ရက်) ညသန်းခေါင်ယံ ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ရာတွင် အကြမ်းဖက်စစ်ကောင်စီ ၁၅ ဦးခန့်သေဆုံးခဲ့သည်ဟုလည်း ၎င်းတို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook