Connect with us

Hi, what are you looking for?

News

CDM ရဲ​ဘော်တစ်ဦးလျှင် ကျပ်တစ်သိန်း​ကျော်စီ ဒီး​မော့ဆို PDF ​ထောက်ပံ့

စစ်တပ်က အာဏာသိမ်းယူပြီး​နောက်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်း အများစုသည် ပြည်သူလူထုဖက်သို့ ရပ်တည်ပြီး CDM ပြုလုပ်လာခဲ့သည်။

(CDM ရဲ​ဘော်များကို ထောက်ပံ့​ငွေ​ပေးအပ်​နေစဥ်။ ဓါတ်ပုံ- DMO-PDF)

အလှူရှင်များထံမှ ရရှိလာ​သောအလှူ​ငွေများကို CDM ရဲဘော် ၁၇ ဦးအား တစ်ဦးလျှင်ကျပ် ၁၀၈,၀၀၀ စီထောက်ပံ့ငွေ ပေးအပ်ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO- PDF)က ယနေ့(ဇန်နဝါရီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

CDM ဝန်ထမ်းများသည် မိမိကိုယ်ကျိုးအတွက် စွန့်လွတ်ကာ ပြည်သူလူထုနှင့် ရပ်တည်သည့်အပြင် PDFတပ်ဖွဲ့သို့ ​အမြောက်အများဝင်​ရောက်ပြီး စစ်အာဏာရှင်ကျဆုံးထိတိုင်​အောင် လက်နက်စွဲကိုင်​တော်လှန်ပါဝင်ခဲ့ကြသည်ဟု ​ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းယူပြီး​နောက်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်း အများစုသည် ပြည်သူလူထုဖက်သို့ ရပ်တည်ပြီး CDM ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)တပ်ဖွဲ့သည် အလှူရှင်များနှင့် ချိတ်ဆက်ပြီးရရှိလာ​သော အလှူ​ငွေများကို CDM ရဲ​ဘော်ထံ ဆက်လက်​ထောက်ပံ့နိုင်ရန် ကြိုးစား​​ဆောင်ရွက်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF) ဗဟို​ကော်မတီမှ ဦး​ဆောင်ပြီးအလှည့်ကျ​ထောက်ပံ့​ငွေများကို ၂၀၂၂ ဇန်နဝါရီ၅ရက်​တွင် CDM ရဲ​ဘော် ၂၉ဦးထံသို့ တစ်ဦးလျှင် ကျပ်​ ၁၀၈၀၀၀ ပထမအကြိမ် ပေးအပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ပြည်တွင်း၊ပြည်ပရှိ အလှူရှင်များ၏ ​ထောက်ပံ့​ကူညီမှု​ကြောင့် CDM ရဲ​ဘော် မိသားစုဝင်များ၏ စားဝတ်​နေ​ရေးအတွက် များစွာအ​ထောက်အကူဖြစ်​​စေခဲ့ပြီး ဆက်လက်ကူညီ​ ​ထောက်ပံနိုင်ရန်​လည်း အလှူရှင်များကို မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook