Connect with us

Hi, what are you looking for?

LuduNwayOo

News

ရတနာသဘာဝဓါတ်​ငွေ့စီမံကိန်းကိုPTTEP ဆက်လုပ်မည်

ထိုင်းနိုင်ငံ အနာက်ပိုင်းမီးလင်းရေးအတွက် မြန်မာနိုင်ငံ၏ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းက အရေးပါသောကြောင့် စီမံကိန်းအလားအလာအတွက် ဂရုတစိုက်ချင့်ချိန်နေရသည်ဟု ထိုင်းအစိုးရပိုင်ရေနံကုမ္ပဏီ PTTEP က ဇန်နဝါရီ ၂၁ ရက်တွင်ထုတ်ပြန်သည်။

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းသည် ထိုင်းနှင့် မြန်မာပြည်သူများအတွက် စွမ်းအင်လုံခြုံရေးအရေးပါပြီး နှစ်နိုင်ငံပြည်သူများ၏ စွမ်းအင်လိုအပ်ချက်ကြောင့် လူနေမှုဘဝများကိုလည်း ထိခိုက်မည်ကို ကာကွယ်ရမည်ဟု ထိုင်းကုမ္ပဏီကဆိုသည်။ ထို​ထုတ်ပြန်ချက်ကြောင့် စီမံကိန်းကို PTTဆက်လုပ်မည်ဟုဆိုလိုသကဲ့သို့အဓိပ္ပါယ်ယူရမည်ဖြစ်သည်။

ပြင်သစ်​ရေနံကုမ္ပဏီ Total ၏ ရတနာကမ်းလွန်စီမံကိန်းနှင့် မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီတို့မှ နှုတ်ထွက်ကြောင်း အကြောင်းကြားစာကို ဇန်နဝါရီ ၂၁ ရက်ကလက်ခံ ရရှိခဲ့သည်ဟု PTTEPကဆိုသည်။ သို့သော်လည်း ပြင်သစ်ကုမ္ပဏီသည် ဓာတ်ငွေ့ထုတ်လုပ်မူကို ၆ လ ဆက်လက်လုပ်ကိုင်နေဦးမည်ဟု​ဖော်ပြထားသည်။

Total Energies သည် မြန်မာနိုင်ငံမှ နှုတ်ထွက်မည်ဖြစ်သော်လည်း မြန်မာပြည်သူများတောင်းဆိုနေသည့် စစ်ကောင်စီထံ ငွေပေးချေမူများကို ရပ်တန့်နိုင်မည်မဟုတ်ဟုပြင်သစ်ကုမ္ပဏီကဆိုသည်။ အဘယ်‌ကြောင့်ဆိုသော်လည်း ဓာတ်ငွေ့ရောင်းချမှုအတွက် ငွေပေးချေမှုအများစုကို ထိုင်းကုမ္ပဏီ PTTEP က MOGEကို တိုက်ရိုက်ပေးချေ​နေသောကြောင့် TotalEnergies က တားဆီးရန်မဖြစ်နိုင်ဟုဆိုသည်။

Total အပြင် အ​မေရိကန် စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန်ကလည်း မြန်မာနိုင်ငံက ပြန်ထွက်ရန် စနစ်တကျ ပြင်ဆင်​နေ​ကြောင်း ရိုက်တာသတင်းဌာနသို့​ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မုတ္တမ ဓာတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ( MGTC)တို့တွင် ပြင်သစ်ကုမ္ပဏီ Total Energies က အော်ပရေတာအဖြစ် ရှယ်ယာ ၃၁ ရာခိုင်နှုန်းကျော်၊ အမေရိကန် ချက်ဗရွန်ကုမ္ပဏီက ရှယ်ယာ ၂၈ ရာခိုင်နှုန်းကျော်၊ ထိုင်း PTTEPက ရှယ်ယာ ၂၅ ရာခိုင်နှုန်းကျော်နှင့် မြန်မာ့နိူင်ငံမှ လက်ရှိတွင် အာဏာသိမ်းစစ်​ကောင်စီပိုင် MOGEက ရှယ်ယာ ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တခြား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ Xiaomiကတော့ စျေးကွက်ထဲ တင်ပို့ရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား SU7ကို မကြာသေးခင်က တရားဝင် ထုတ်ပြန် ပြသခဲ့ပါတယ်။

သတင်း

လုပ်ကွက် နှစ်ခုအနက် တစ်ခုဟာ လာမယ့် ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး ကျန်တစ်ခုကတော့နောက်ထပ် နှစ်၂၀ မှာ သက်တမ်းကုန်မှာပါ။

သတင်း

ယင်းအပြင် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်းအနီးဝင်ကျင်သို့ တပ်ကူစေလွှတ်၍ လုံခြုံရေးတိုးမြှင့်ခဲ့သလို CDF-Asho တပ်ဖွဲ့မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ကင်းပုန်းချထားခဲ့ကြောင်း စုံးမ်းသိရသည်။

သတင်း

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (သို့မဟုတ်) လူပုဂ္ဂိုလ် များအပေါ် အနှောက်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများ ကျူးလွန်သူ မည်သူ့ကို မဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။