Connect with us

Hi, what are you looking for?

News

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်ကို စစ်ကောင်စီ အကောင်အထည်မဖော်မှုအပေါ် အင်ဒိုသမ္မတ စိတ်ပျက်

ယခုလအတွင်း မြန်မာ့အရေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ဒုတိယအကြိမ်ဆက်သွယ်ပြောကြားခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်အပြီးတွင် စစ်ကောင်စီကို စိတ်ပျက်ကြောင်း ထပ်မံပြောကြားခြင်းဖြစ်သည်။

ဘုံဆုံးဖြတ်ချက် ၅ရပ် တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများကို မင်းအောင်လှိုင်တက်ရောက်ခွင့်ရမည်မဟုတ်

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုသည် မြန်မာစစ်ကောင်စီအနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်ကို အကောင်အထည်ဖော်ရေး ပျက်ကွက်မှုအပေါ် စိတ်ပျက်မိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့်ဆက်သွယ်စဉ် ထည့်သွင်းပြောကြားသည်။

ယခုလအတွင်း မြန်မာ့အရေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ဒုတိယအကြိမ်ဆက်သွယ်ပြောကြားခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်အပြီးတွင် စစ်ကောင်စီကို စိတ်ပျက်ကြောင်း ထပ်မံပြောကြားခြင်းဖြစ်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုသည် ရရှိထားပြီးသော သဘောတူညီချက်များ အထူးသဖြင့် ဘုံဆုံးဖြတ်ချက် ၅ရပ်အပေါ် အခြေခံသင့်ကြောင်းနှင့် မြန်မာစစ်တပ်အာဏာပိုင်များအဆိုပြုသည့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် ၅ရပ်နှင့် ချိတ်ဆက်ခြင်းမပြုရန် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက အလေးပေးပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ရပ် တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများ တွင် မြန်မာအနေဖြင့် နိုင်ငံရေးကိုယ်စားပြုသူမဟုတ်သူ(non-political)ကိုသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ထပ်လောင်းပြောကြားသည်။

မြန်မာစစ်တပ်သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ကို ဘက်အားလုံးနှင့်ဆက်သွယ်ရန်ခွင့်ပြုပေးရန် ဂျိုကိုဝီဒိုဒိုက တိုက်တွန်းသည်။

Reference – Bernama. com

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook