Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်အတွင်း ယမန်​နေ့ကတိုက်ပွဲများတွင် ​ဒေသခံတပ်ဖွဲ့ဝင်သုံးဦးကျဆုံး

ကျဆုံးခဲ့သည့် ရဲဘော်သုံးဦးသည် ဖလမ်း၊ မတူပီ နှင့်ကန်ပက်လက်မြို့တို့ရှိ ဒေသခံကာကွယ်ရေးတပ်များ၏ ရဲဘော်သုံးဦးဖြစ်ပြီး မတူညီ​သော တိုက်ပွဲသုံးခုတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ယမန့်နေ့ (ဇန်နဝါရီ ၂၃ရက်)က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မှ သုံး ဦးကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာချင်းပြည်ကာကွယ်ရေးတပ်များကထုတ်ပြန်ထားသည်။

ကျဆုံးခဲ့သည့် ရဲဘော်သုံးဦးသည် ဖလမ်း၊ မတူပီ နှင့်ကန်ပက်လက်မြို့တို့ရှိ ဒေသခံကာကွယ်ရေးတပ်များ၏ ရဲဘော်သုံးဦးဖြစ်ပြီး မတူညီ​သော တိုက်ပွဲသုံးခုတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ဖလမ်းအခြေစိုက် CNDF၏ ဆလိုင်းဆပ်ဒိင့်ထွားမာ၊ မတူပီမြို့နယ် CDF(မတူပီ)တပ်ရင်း၂ မှ တပ်ရင်းမှူး ဆလိုင်းဆန်တာနှင့် CDF (ပလက်ဝ)တို့မှ ရဲဘော် ဆလိုင်းစည်သူအောင်တို့ဖြစ်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင် သူရဲကောင်း ဆလိုင်းဆပ်ဒင့်ထွမ်းမာ (၃၁ နှစ်) သည် ဇန်နဝါရီလ (၂၃) ရက်တွင်ဖလမ်းမြို့နယ် ရှေ့တန်းတစ်နေရာတွင် ချင်းပြည်သူလူထုများ ကာကွယ်ရင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ရသည်ဟု ဖလမ်းအခြေစိုက်ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။ ၎င်းကို လေးစားဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိကြောင်းCNOထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အလားတူ CDF(မတူပီ)ကလည်း ကျဆုံးခဲ့သည့် ဆလိုင်းဆန်တာအတွက် လေးစားဂုဏ်ပြုကြောင်းနှင့်ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်း​ကြေကွဲရ​ကြောင်း ယမန့်နေက ထုတ်ပြန်ထားသည်။ CDF (မတူပီ)နှင့် ညီ​နောင်အဖွဲ့များက အကြမ်းဖက်စစ်​ကောင်စီကို ခုခံတိုက်ခိုက်ရင်း ဇန်နဝါရီ ၂၃ ရက်တိုက်ပွဲတစ်​နေရာတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်​ပေးကျဆုံးခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ပါရှိသည်။

ထိုအပြင် CDF (ကန်ပက်လက်)ကလည်း တပ်ဖွဲ့ဝင်တစ်ဦးဖြစ်​သော အသက် ၁၆ နှစ်အရွယ်ဆလိုင်းစည်သူ​အောင်သည် ဇန်နဝါရီ ၂၃ ရက် တိုက်ပွဲတစ်ခုတွင် အကြမ်းဖက်စစ်​​ကောင်စီကိုပြည်သူလူထုအတွက် တိုက်ပွဲဝင်ရင်းအသက်​ပေးလှူသွားခဲ့ရပါသည်။အမျိုးသား​တော်လှန်​ရေးအတွက် ဆလိုင်း စည်သူ​အောင်၏ ​ပေးဆပ်မှုအ​ပေါ် CDF (ကန်ပက်လက်)မှ ​လေးစားဂုဏ်ယူပါ​ကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ​ကြေကွဲဝမ်းနည်းရပါ​ကြောင်း ညှိုးငယ်​သောစိတ်ထားဖြင့် မှတ်တမ်းတင်အပ်ပါသည်ဟု​CDF (ကန်ပက်လက်)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။