Connect with us

Hi, what are you looking for?

News

သစ်ခိုးတင်လာ​သောကားနှစ်စီးအား ကနီPDFဖမ်းဆီး၊ ဖမ်းမိ​သောသစ်နှင့်ကားကို​တော်လှန်​ရေးအတွက်သုံးမည်

“ကားနဲ့သစ်များ သိမ်းထားပါတယ်။သစ်များကို ကာလပေါက်ဈေးနဲ့ရောင်းပြီး ရောင်းရငွေကို တော်လှန်ရေးအတွက် အသုံးပြုသွားပါမယ်။ ကားကို ရဲဘော်တွေ တိုက်ပွဲထွက်ရာမှာသွားလာဖို့ အသုံးပြုပါမယ်။”ဟု ကနီPDFအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

(ဖမ်းဆီးရမိ​သောသစ်နှင့်ကားများ။ ဓါတ်ပုံ-ကနီPDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးနေချိန် အခွင့်ကောင်းယူကာ အမျိုးသားဥယျာဥ်အတွင်းမှ သစ်ခိုးတင်လာသော ကားနှစ်စီးအား ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းထောင့်ဆိပ်ကမ်းမှ ချင်းတွင်း မြစ်​ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသည့် စစ်​ကောင်စီ၏ ရေယာဥ်အုပ်စုနှင့် ဒေသခံ PDF များ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ထို့နောက် စစ်​ကောင်စီ၏ တပ်များက ညနေ (၃) နာရီ အချိန်ခန့်တွင် မုဌောကျေးရွာထဲသို့ ဝင်ရောက်၍ ပြည်သူများ၏ နေအိမ်များကို မွှေနှောက်ပြီး ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုအခြေနေများကို အခွင့်ကောင်းယူကာ ဝိသမလောဘသားတို့က အမျိုးသားဥယာဥ်မှ တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်သား ခန့်မှန်းချေ တန်ချိန်(၅)တန်ခန့်စီ တင်ဆောင်လာသော ကားနှစ်စီးအား ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ (Kani PDF-Klg)က ပြည်သူ့အကျိုးစီးပွားကို ​ရှေးရှု၍ အချိန်မှီ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

“ကားနဲ့သစ်များ သိမ်းထားပါတယ်။သစ်များကို ကာလပေါက်ဈေးနဲ့ရောင်းပြီး ရောင်းရငွေကို တော်လှန်ရေးအတွက် အသုံးပြုသွားပါမယ်။ ကားကို ရဲဘော်တွေ တိုက်ပွဲထွက်ရာမှာသွားလာဖို့ အသုံးပြုပါမယ်။”ဟု ကနီPDFအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က မုံရွာမှဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များကို မုဋ္ဌောရွာနှင့် ညောင်ပင်ဝန်းရွာကြားတွင် စကစတပ်များနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော KLG PDF, MPDF, Golden Triangle Forces, M&K The Boys, အစရှိသော ညီနောင်မဟာမိတ်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်။ စစ်​ကောင်စီဘက်မှ ၃ပွင့်အရာရှိတစ်ဦးနှင့် စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။