Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင်ကို ဟွန်ဆန် အွန်လိုင်းကနေ ဖြောင်းဖျ

အာဏာလုစစ်ခေါင်းဆောင်ကို ဟွန်ဆန်ဟာ ဒီနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်တာပါ။

အာဆီယံ အစည်းအဝေးတက်ခွင့်ရရေးအတွက် ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံဥက္ကဋ္ဌ အလည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းလိုက်ရပါတယ်။

အာဏာလုစစ်ခေါင်းဆောင်ကို ဟွန်ဆန်ဟာ ဒီနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်တာပါ။

ဒီနေ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဟွန်ဆန်က သတင်းထုတ်ပြန်ရာမှာ စစ်ကောင်စီခေါင်းဆောင်ကို ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ၊ တိုက်ခိုက်မှုတွေရပ်နိုင်ဖို့ စစ်တပ်အပါအဝင် ပါဝင်သူတွေအားလုံးပါဝင်ဆွေးနွေးကြဖို့ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် အာဆီယံ ရဲ့ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေကို လက်ခံဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်ဟာ ဒီနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ပစ်ပယ်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်ကို လူရာသွင်းဖို့အတွက် နေပြည်တော်ကို လာရောက်ခဲ့သလို ကမ္ဘောဒီးယားမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကို စစ်အုပ်စုတက်ဖို့ ဖိတ်ပါသေးတယ်။

ဒါပေမယ့် အင်ဒိုနီးရှား၊မလေးရှား ၊စင်ကာပူတို့က ဒီလိုဖိတ်တဲ့အပေါ် သဘောထားကွဲလွဲခဲ့ကြပါတယ်။

စစ်အုပ်စုဟာ အာဆီယံ က မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းဖို့ သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်တာမရှိတဲ့အတွက် အစည်းအဝေးတွေကိုတက်ခွင့်မပြု ဖို့ ပိတ်ပင်ခံထားရတာပါ။

အာဆီယံ အုပ်စုထဲ အင်အားတောင့်တင်းတဲ့ အင်ဒိုနီးရှား ၊မလေးရှား ၊စင်ကာပူတို့ဟာ ဒီဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်နေတာကြောင့် ဘုံသဘောတူညီချက်တွေ အကောင်အထည်မဖော်ရင် စစ်အုပ်စုကို တက်ခွင့်ပြုမှာမဟုတ်ကြောင်း ဟွန်ဆန်ဟာ လေသံပြောင်းလာပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ဟွန်ဆန်ဟာ စစ်အုပ်စုခေါင်းဆောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံကာ အာဆီယံ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ဆိုတာဟာ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးက သဘောတူချမှတ်ထားတဲ့အချက်တွေဖြစ်ပါတယ်။

အဲဒီအချက် ၅ ချက်ဟာ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ ၊ မြန်မာ့အရေးမှာ ပါဝင်သူတွေအားလုံးတွေ့ဆုံဆွေးနွေးကြဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးကိုခန့်အပ်ကြဖို့အချက်တွေပါဝင်တာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။