Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီခေါင်းဆောင်ကို ဟွန်ဆန် အွန်လိုင်းကနေ ဖြောင်းဖျ

အာဏာလုစစ်ခေါင်းဆောင်ကို ဟွန်ဆန်ဟာ ဒီနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်တာပါ။

အာဆီယံ အစည်းအဝေးတက်ခွင့်ရရေးအတွက် ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံဥက္ကဋ္ဌ အလည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းလိုက်ရပါတယ်။

အာဏာလုစစ်ခေါင်းဆောင်ကို ဟွန်ဆန်ဟာ ဒီနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်တာပါ။

ဒီနေ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဟွန်ဆန်က သတင်းထုတ်ပြန်ရာမှာ စစ်ကောင်စီခေါင်းဆောင်ကို ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ၊ တိုက်ခိုက်မှုတွေရပ်နိုင်ဖို့ စစ်တပ်အပါအဝင် ပါဝင်သူတွေအားလုံးပါဝင်ဆွေးနွေးကြဖို့ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် အာဆီယံ ရဲ့ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေကို လက်ခံဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်ဟာ ဒီနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ပစ်ပယ်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်ကို လူရာသွင်းဖို့အတွက် နေပြည်တော်ကို လာရောက်ခဲ့သလို ကမ္ဘောဒီးယားမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကို စစ်အုပ်စုတက်ဖို့ ဖိတ်ပါသေးတယ်။

ဒါပေမယ့် အင်ဒိုနီးရှား၊မလေးရှား ၊စင်ကာပူတို့က ဒီလိုဖိတ်တဲ့အပေါ် သဘောထားကွဲလွဲခဲ့ကြပါတယ်။

စစ်အုပ်စုဟာ အာဆီယံ က မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းဖို့ သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်တာမရှိတဲ့အတွက် အစည်းအဝေးတွေကိုတက်ခွင့်မပြု ဖို့ ပိတ်ပင်ခံထားရတာပါ။

အာဆီယံ အုပ်စုထဲ အင်အားတောင့်တင်းတဲ့ အင်ဒိုနီးရှား ၊မလေးရှား ၊စင်ကာပူတို့ဟာ ဒီဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်နေတာကြောင့် ဘုံသဘောတူညီချက်တွေ အကောင်အထည်မဖော်ရင် စစ်အုပ်စုကို တက်ခွင့်ပြုမှာမဟုတ်ကြောင်း ဟွန်ဆန်ဟာ လေသံပြောင်းလာပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ဟွန်ဆန်ဟာ စစ်အုပ်စုခေါင်းဆောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံကာ အာဆီယံ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ဆိုတာဟာ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးက သဘောတူချမှတ်ထားတဲ့အချက်တွေဖြစ်ပါတယ်။

အဲဒီအချက် ၅ ချက်ဟာ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ ၊ မြန်မာ့အရေးမှာ ပါဝင်သူတွေအားလုံးတွေ့ဆုံဆွေးနွေးကြဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးကိုခန့်အပ်ကြဖို့အချက်တွေပါဝင်တာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။