Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်ရောင်းချခြင်းနှင့် ညဘက်ခရီးသွားလာခြင်းမပြုရန် KIO ပူတာအိုခရိုင်ထုတ်ပြန်

ပူတာအိုခရိုင်အတွင်းနေထိုင်သည့် ပြည်သူများနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းကို အသုံးပြုသွားလာကြသူများ လိုက်နာရန် အသိပေးကြေညာချက်ကို ယနေ့(ဇန်နဝါရီ ၃၀)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘီယာအပါအဝင် စစ်ကောင်စီနှင့် ပတ်သက်သော ပစ္စည်းများ သယ်ဆောင်ရောင်းချခြင်းမပြုလုပ်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ပူတာအိုခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။

ပူတာအိုခရိုင်အတွင်းနေထိုင်သည့် ပြည်သူများနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းကို အသုံးပြုသွားလာကြသူများ လိုက်နာရန် အသိပေးကြေညာချက်ကို ယနေ့(ဇန်နဝါရီ ၃၀)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားခြင်း၊ သယ်ဆောင်ခြင်း၊ သုံးစွဲခြင်း နှင့် စိုက်ပျီုးထုတ်လုပ်ခြင်း လုံး၀(လုံး၀)မပြုလုပ်ရန် တားမြစ်ထားသည်။

စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ၏ ခွင့်ပြု ချက်မရှိသော လယ်ယာမြေဥယာဉ်ခြံများတွင် ရွှေတူးဖော်ခြင်း လုံး၀မပြုလုပ်ရန်နှင့် ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် အတိုင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်- ပူတာအို ကားလမ်းတွင် ညနေ ၅နာရီမှ နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်ပါ အချက်များကို လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် ပြဿနာများကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်းလည်း KIO ပူတာအိုခရိုင်က ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook