ဖာပွန်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၇ ရက် ညပိုင်းအချိန်က ဖာပွန်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်း တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးသုံးချက် ပစ်ခတ်ခဲ့လို့ အနောက်ကမ်းကျေးရွာက ဒေသခံပြည်သူနှစ်ဦးရဲ့ နေအိမ်နှစ်လုံးကို လက်နက်ကြီးထိမှန်ပျက်စီးသွားခဲ့ပြီး ဒေသခံလေးဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းကလည်း ဖာပွန်မြို့ အနောက်ဘက်ကမ်းဒေသမှာ အာဏာသိမ်းစစ်ကောင်စီက ထောင်ထားတဲ့မိုင်းတွေကြောင့် အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အတွင်း ဖာပွန်ခရိုင် အနောက်ဘက်ကမ်းဒေသမှာ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ငယ် ဒရုန်းတွေက လာရောက်ကင်းထောက်မှတ်တမ်းယူခဲ့တယ်လို့လည်း မူတြော်တသင်းစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement
ဖာပွန်မြို့နဲ့ ဝန်းကျင်ဒေသတစ်ဝိုက်မှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုဖြစ်နေတာ သုံးပတ်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား စစ်ရေးပဋိပက္ခတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


















































